ဇွန် ၆
မန်စီးတီးအသင်းရဲ့ နော်ဝေ လက်ရွေးစင် တိုက်စစ်ကစားသမား အာလင်းဟာလန်းဟာ ဥရောပ အားကစားမီဒီယာအဖွဲ့အစည်းက ကြီးမှူးပြီး ချီးမြှင့်ခဲ့တဲ့ ဥရောက ရွှေဖိနပ်ဆုကို သူ့ရဲ့ ကစားသမားဘ၀အတွင်း ပထမဆုံးအကြိမ် ပိုင်ဆိုင်သွားခဲ့ပါတယ်။
ဒီရာသီမှ မန်စီးတီးအသင်းကို စတင်ရောက်ရှိခဲ့ကာ ပွဲဦးထွက် ရာသီမှာပဲ သွင်းဂိုး(၃၆)ဂိုး အထိ သွင်းယူထားခဲ့ပါတယ်။ ESM ဆုအတွက် အနီးစပ်ဆုံး ရှိခဲ့တဲ့ ကစားသမားတွေမှာကတော့ ဟာရီကိန်း ဂိုး(၃၀) နဲ့ ဘာပေ ဂိုး(၂၉) တို့ နှစ်ယောက်သာ ရှိခဲ့ပါတယ်။
Photo : Manchester City FC