“အီရန် နိုင်ငံ အတွင်းရှိ ကော်စက်ရုံဂိုဒေါင်ကြီးတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့”

ဇွန် ၆

အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်မြို့ ဂရင်းဘဇား အနီးရှိ ကော်စက်ရုံကြီး၏ ဂိုဒေါင် တစ်ခု ယနေ့ညနေပိုင်းအချိန်က မီးလောင် ကျွမ်းမှုဖြစ်ပေါ်ခဲ့ပြီး သိသိသာသာ ပျက်စီး သွားရပါတယ်လို့ အီရန် နိုင်ငံ၏ သတင်းဌာနများက ယနေ့ ဇွန်လ ၆ရက်နေ့ ညနေပိုင်းတွင် ဖော်ပြပြော ဆိုခဲ့ကြပါတယ်။

အီရန်နိုင်ငံ တီဟီရန်မြို့ရှိ အခင်းဖြစ်ပွားရာနေရာ၌ မီးသတ်ကား တစ်ဒါဇင်ခန့် ဖြင့် အဆိုပါ မီးကိုငြိမ်း သက်ခဲ့ ကြရပြီး မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာ ရရှိသူ လူ ၂ ဦးထိရှိကြောင်း ဖော်ပြ ပြောဆိုထားပါတယ်။