“အိန္ဒိယ သည် အခြားသောကမ္ဘာ့ နိုင်ငံများထက် ရုရှား၏ ရေနံများကို ပိုမိုဝယ်ယူခဲ့”

ဇွန် ၆

အိန္ဒိယနိုင်ငံ သည် ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ အီရတ်နိုင်ငံ၊ အာရပ်စော်ဘွားများနိုင်ငံ နှင့် အမေရိကန် နိုင်ငံတို့ ပေါင်းစပ်ထားသည့်ရေနံဝယ်ယူ မှုများထက် ပြီးခဲ့သည့် မေလတွင် ရုရှားထံမှ ရေနံများ ကိုပိုမို ဝယ်ယူခဲ့တာဖြစ်တယ်လို့ The Economic Times သတင်းဌာနက ပြီးခဲ့သည့် ဇွန်လ ၄ရက် နေ့က ဖော်ပြပြော ဆိုခဲ့တာလည်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံ ထံမှပြီးခဲ့သည့် မေလတွင် တစ်ရက်လျှင် ရေနံစည်ပေါင်း ၁.၉၆ သန်းကို ဝယ်ယူခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ယခင်ရေနံ ဝယ်ယူမှုများ၏ အမြင့်မားဆုံးထက် ၁၅ ရာခိုင်နှုန်းထိ ပိုမိုများပြားလာခဲ့တာလည်းဖြစ်ပါတယ်။

ထို့ကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် တစ်လ အတွင်း အိန္ဒိယနိုင်ငံက ဝယ်ယူသော ရေနံစိမ်း အားလုံး၏ ၄၂ ရာခိုင်နှုန်းနီးပါးကို ထောက် ပံ့ပို့ဆောင် ပေးနေရတာလည်းဖြစ်ပါတယ်။