ဇွန် ၆
ယူကရိန်းနိုင်ငံ၏ တောင်ပိုင်း Kakhovka ရေအားလျှပ်စစ် ဆည်ကြီးသည် ပြီးခဲ့သည့် ဇွန်လ ၅ရက်နေ့ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ တာဖြစ်ပါတယ်။
ယူကရိန်းတွေက အဆိုပါ Nova Kakhovka ဆည်ကြီး ကို ဖောက်ခွဲလိုက်တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပြီး နောက်ထပ် သတင်း အချက်အလက်များကို အချိန် အတော်ကြာ စောင့်ဆိုင်းခဲ့ပြီးနောက် မည်သည့်အစီရင်ခံစာကိုမျှ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူးလို့ သတင်းဌာနများ ကဖော်ပြပြောဆိုနေကြတာဖြစ်ပါတယ်။
Dniproမြို့၏ မြစ်ပေါ်ရှိ အဆိုပါ ဆည်ကြီးသည် Crimea ဒေသ နှင့် Zaporizhzhia ဒေသရှိ နျူကလီးယား စက်ရုံများသို့ ရေပေးဝေနေသည့် ရေလှောင်ကန်ဆည် ကြီးတစ်ခုလည်းဖြစ်ပါတယ်။