မြောက်ဥက္ကလာပမြို့နယ်၊ကန်သာယာပန်းခြံဝန်းအတွင်း၌ မသင်္ကာဖွယ်ရာအဖြူရောင်အထုပ် ၁ ထုပ်မှ လက်လုပ်ဗုံးတွေ့ရှိ

ဇွန်  ၆

       ယမန်နေ့ ည ၇ နာရီ ၄၅ မီးနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီး၊ ကန်သာယာပန်းခြံဝန်းအတွင်း၌ မသင်္ကာဖွယ်ရာအဖြူရောင်အထုပ် ၁ ထုပ်တွေ့ရှိကြောင်း သတင်းအရ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ စိန်ဂေဟာ တံဆိပ်ပါ ပလပ်စတစ်အိတ်ဖြင့်ထည့်ထားသော Chang ဘီယာ ပုလင်းခွံအတွင်းယမ်းများထည့်လျက် 777 တံဆိပ်ပါ 9 Volt ဓာတ်ခဲ့(၂)လုံး၊ အဝေးထိန်း ဆားကဒ်ပြား ၁ ခု၊ ခလုပ် ၁ ခုတို့ကို ဝါယာကြိုးများဖြင့် ချိတ် ဆက်ကာပြုလုပ်ထားသည့် မပေါက်ကွဲသေးသော လက်လုပ်ဗုံးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရ
သည်။

      အဆိုပါ လက်လုပ်ဗုံးကို သက်မဲ့ပြုလုပ်ကာ သုဓမ္မာလမ်းမကြီးပေါ်တွင် အတားအဆီးများ
ပြုလုပ်၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ လက်လုပ်ဗုံး(၁)ခု လာရောက်ချသွားသူများအား ပူးပေါင်းအဖွဲ့မှ စုံစမ်းဖော်ထုတ်နိုင်ရေး အနီးရှိ CCTV မှတ်တမ်းများကြည့်ရှု၍ လိုက်လံစုံစမ်းဆောက်ရွက်လျှက် ရှိပါကြောင်း သတင်းရရှိပါသည်။

#PAN