ပုလဲမြို့နယ်အတွင်းရှိ ဇီးဖြူကုန်းကျေးရွာရှိပြည်သူ့စစ်အဖွဲ့ကို လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDFအဖွဲ့က လက်နက်ကြီး/ငယ်များဖြင့် လာရောက်ပစ်ခတ်

ဇွန်  ၆

     ယမန်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိပြည်သူ့စစ်အဖွဲ့ကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDFအဖွဲ့က သာလွန်အင်အားဖြင့် လက်နက်ကြီး/ငယ်များ ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းရှိနေအိမ်များပေါ်ကျရောက်၍ နေအိမ် ၃၈ လုံး အမိုးများပျက်စီး၊ဘုန်းတော်ကြီးကျောင်းအမိုး ၂ ခန်းပျက်စီး၊ ကျေးရွာစာသင်ကျောင်း ၂ ခန်း အမိုးပျက်စီးပြီး နွား ၉ ကောင်ကျည်မှန်သေဆုံးခဲ့ပါသည်။

   ကျေးရွာပြင်ပတွင်ရောက်ရှိနေသောပြည်သူ့စစ်အဖွဲ့ဝင် ဦးဝင်းဆွေ(ခ)မောင်ချင်း၊၄၇ နှစ်၊ (ဘ) ဦးဘသိန်းနှင့် ဦးဝင်း(ခ)မြင့်ဝင်း၊၄၆နှစ်၊(ဘ) ဦးသိန်းလေးတို့နှစ်ဦးမှာ တိုက်ပွဲတွင် ကျည်ထိမှန်ကျဆုံးခဲ့ကြောင်းသိရှိရပါသည်။

     နံနက် ၆ နာရီ ၁၅ အချိန်ခန့်တွင် တပ်မတော်မှလေကြောင်းပစ်ကူဖြင့်လာရောက်ပစ်ခတ်ခဲ့ရာအကြမ်းဖက်PDF ၁၀၀ ကျော်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိကာ ထွက်ပြေးသွားခဲ့ကြောင်းသိရှိရပါသည်။

      အလားတူ ယမန်နေ့ည ၁၂ နာရီအချိန်ခန့်တွင် ပုလဲမြို့ပေါ်သို့ လူသတ်အကြမ်းဖက် PDF အဖွဲ့ကအဝေးမှနေပြီး လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ရာ ရွှေညိုရပ်ကွက်နေ ဦးသန်းဖေ၏နေအိမ်အတွင်းရှိ နွားစာတဲပေါ်ကျရောက်ပေါက်ကွဲခဲ့၍ ခိုင်းနွားတစ်ကောင်သေဆုံးသွားခဲ့ကြောင်းသိရှိရပါသည်။

    NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာ ရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် အရပ်ဖက်ပစ်မှတ်များကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြရာ ယခုလိုအဝေးမှနေပြီး မြို့ပေါ် ရပ်ကွက်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ သာမန်ပြည်သူရပ်ကွက်များသို့ မကြာခဏလာရောက်ပစ်ခတ်နေကြောင်း ဒေငခံပြည်သူများထံမှ သတင်းရရှိပါသည်။

#PAN