စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းအပ်နှံမှု ယမန်နှစ် (၂၀၂၂ – ၂၃) ပညာသင်နှစ်ထက် ပိုမိုများပြား

ဇွန်  ၅

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေလ ၂၃ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိ ၂၀၂၃ – ၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းအပ်နှံမှုစာရင်းများမှာ မူလတန်း ၁၆၀၄၇၇ ဦး၊အလယ်တန်း ၄၉၈၆၆ ဦး၊ အထက်တန်း ၂၀၈၇၂ ဦး၊ စုစုပေါင်း ၂၃၁၂၁၅ ဦး ဖြစ်ပါသည်။

       ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် မူလတန်း ၁၅၄၉၄ ဦး၊ အလယ်တန်း ၃၉၆၃ ဦး၊ စုစုပေါင်း ၁၉၄၅၇ ဦး ဖြစ်ပြီး ကိုယ်ပိုင်​ကျောင်းများတွင် မူလတန်း ၉၂၉၁ ဦး၊အလယ် တန်း ၃၉၉၉ ဦး၊ အထက်တန်း ၂၆၄၇ ဦး၊ စုစု ပေါင်း ၁၅၉၃၇ ဦး ဖြစ်ပါသည်။

       ဇွန်လ ၅ ရက်နေ့အထိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်စာသင်ကျောင်းများတွင်ကျောင်းအပ်နှံသူစုစုပေါင်း ၂၆၆၆၀၉ ဦး အပ်နှံပြီးဖြစ်ပါသည်။

      ယမန်နှစ်က ကျောင်းသား၊ ကျောင်းသူဦးရေ ၂၅၀,၀၀၀ ကျော်အပ်နှံသဖြင့်  ဒီနှစ်ကျောင်းအပ်နှံရေးကာလအတွင်း ၂၈၀,၀၀၀ ကျော်အပ်နှံမည်ဟု တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနက
ခန့်မှန်းထားကြောင်း သိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီး အတွင်း (၂၀၂၃ – ၂၄) ပညာသင်နှစ်၏ ကျောင်းအပ်နှံမှုအခြေအနေသည် ယမန်နှစ် (၂၀၂၂ – ၂၃) ပညာသင်နှစ်ထက် တိုးတက်လျှက်ရှိပြီး တစ်ရက်နှင့်တစ်ရက် ကျောင်းသားများ၏ကျောင်းအပ်နှံမှုများစွာ​ ပိုများလာတာကိုတွေ့ရှိနေရကြောင်း သတင်းရရှိပါသည်။

#PAN