ငါန်းဇွန်မြို့နယ်တွင် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်လှစ်လုပ်ကိုင်နေသူ သာမန်ပြည်သူ တစ်ဦးကို PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်သတ်

ဇွန် ၅

       ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင်မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊သားကြင်ကျေးရွာအဝင် ငါန်းဇွန်-ငါန်းမြာကားလမ်းဘေး၌ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်လှစ်လုပ်ကိုင်နေသူ သာမန်ပြည်သူ ကိုစိုးဝင်းထွေး၊၃၃နှစ်၊(ဘ)ဦးစိန်ထွန်းသည် ၎င်း၏ဆိုင်ကယ်ပြင်ဆိုင်တွင်ရှိနေစဥ် အကြမ်းဖက်သမား ၂ဦး၊ဆိုင်ကယ် ၁စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ကိုစိုးဝင်းထွေးတွင် ဦးခေါင်းသေနတ်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

     သေဆုံးသူ ကိုစိုးဝင်းထွေး မှာ သားကြင်ကျေး ရွာအခြေပြု လုံခြုံရေးစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များနှင့် ၎င်း၏လုပ်ငန်းအရ ပေါင်းသင်းဆက်ဆံမှုရှိသည့်အပေါ် အကြမ်းဖက်သမားများက ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရပါသည်။

#PAN