ချောင်းဦးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်၏ သားဖြစ်သူကို လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များက ဖမ်းဆီးသတ်ဖြတ်

ဇွန်  ၅

       စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာနေ ကိုခိုင်မင်းဦး၊ ၄၀ နှစ်သည် ဇွန်လ ၁ရက်နေ့ နေ့လည်ပိုင်းတွင် လူသတ် အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

   ကင်မွန်းတော်‌ကျေးရွာနေ ကိုခိုင်မင်းဦးသည် ရပ်ကျေးပြည်ခိုင်ဖြိုးပါတီ ဆိုင်ဘုတ်ထောင်ထားသော ဦးသန်းထွန်း၏သားဖြစ်ပြီး မေလ ၃၀ရက်နေ့က ပြည်သူစစ်ကျေးရွာသို့ ရိက္ခာပို့လာသော စစ်ယာဉ်တန်းဖြင့် မိခင်မျက်စိကုသရန်အတွက် အဖော် အဒေါ်တစ်ဦးနှင့် အတူ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးသို့ လိုက်ပါလာခဲ့ကြောင်းသိရပါသည်။

     ဇွန်လ ၁ ရက်နေ့တွင် ချောင်းဦးမြို့‌ပေါ်တမာ မြိုင်ရပ်ကွက်တွင် နေထိုင်သော ညီဖြစ်သူ ကိုအောင်သက်ထွန်းမှ လာရောက်ခေါ်ဆောင်သဖြင့်
ဖြင့် ၃ ဦးစလုံး လိုက်ပါသွားကြောင်း၊ နေ့လည်ပိုင်းတွင် မိသားစုဝင်များကို  အသိမပေးပဲ ချောင်းဦးတောင်ရပ်ကွက်ရှိ အရက်ဆိုင်သို့ အရက်သောက်ထွက်ရာမှ အလစ်အငိုက်ချောင်းနေသော အကြမ်းဖက် PDF များမှ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းခံရကြောင်း သတင်းရရှိပါသည်။

#PAN