“ကမ္ဘာ့ ရေကြောင်းကုန်သွယ်ရေး နိုင်ငံကြီးဖြစ်လာရန် ကြိုးစားနေသည့် မက္ကဆီကို နိုင်ငံ”

ဇွန် ၅

မက္ကဆီကိုနိုင်ငံ၏ ရေတပ်ဦးစီးချုပ် José Rafael Ojeda Durán က မက္ကဆီကိုနိုင်ငံသည် ပစိဖိတ် သမုဒ္ဒရာ နှင့် မက္ကဆီကိုပင်လယ်ကွေ့တို့ကြား ကုန်သွယ်ရေး စင်္ကြံတည်ဆောက်မှုများပြုလုပ်ပြီး​မက္ကဆီကိုနိုင်ငံကို “ကမ္ဘာ့ကုန်သွယ်ရေး သင်္ဘော ဆိပ်ကမ်းကြီး” ဖြစ်လာနိုင်ရန်ကြိုးစားသွားမှာ ဖြစ်တယ်လို့ ပြောကြား ခဲ့တာဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံ၏ ပြီးခဲ့သည့် ဇွန်လ ၁ရက် အမျိုးသား ရေတပ်နေ့တွင် Ojeda သည် ပစိဖိတ်ဘက်ခြမ်းရှိ မက္ကဆီကို နိုင်ငံ၏ Salina Cruzမြို့၊ Oaxacaမြို့ နှင့် မက္ကဆီကို ပင်လယ်ကွေ့ ကမ်းရိုးတန်းရှိ Coatzacoalcosမြို့၊ Veracruzမြို့ တို့အကြားတွင် မက္ကဆီကိုနိုင်ငံ၏ အစိုးရသည်

” ကမ္ဘာ့ကုန်သွယ် ရေးအတွက် လမ်းကြောင်းသစ်ကြီး” ကို တည်ဆောက် နေပြီဖြစ် ကြောင်း Ojeda က မှတ်ချက်ပြုပြော ကြားခဲ့တာ လည်းဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်​ပြပြော ဆိုနေကြတာ လည်း ဖြစ်ပါတယ်။