ပြည်ကြီးတံခွန်မြို့နယ်အတွင်း လမ်းမပေါ်၌ မသင်္ကာဖွယ် ကြွပ်ကြွပ်အိတ်အမဲရောင်ဖြင့်ထုပ်ပိုးထားသော UPG ဆေးပုံးကိုတွေ့ရှိ ရှင်းလင်းခဲ့

ဇွန်  ၅

        ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၊တံခွန်တိုင်ရပ်ကွက်၊၇၈လမ်း(ရန်ကုန်-မန္တလေးကားလမ်း)၊လစသ(၁)နှင့်ဆည်မြောင်းဝင်းကြား လမ်းမပေါ်၌ မသင်္ကာဖွယ် ကြွပ်ကြွပ်အိတ်အမဲရောင်ဖြင့်ထုပ်ပိုးထားသော UPG ဆေးပုံးတွင် ဝါယာကြိုးများတပ်ဆင်ပြီး ကီးပက်ဖုန်းဖြင့်တွဲလျက် အထုပ်တစ်ထုပ်အားတွေ့ရှိခဲ့ပါသည်။

   ၎င်းမသင်္ကာဖွယ်အထုပ်အား ရှင်းလင်းနိူင်ရေးအတွက် နယ်မြေခံလုံခြုံရေးသို့ အကြောင်းကြားခဲ့ရာ ၉ နာရီ ၄၀ မီးနစ်အချိန်တွင် နယ်မြေခံမိုင်းရှင်းလင်းရေးအဖွဲ့က သက်မဲ့ပြုလုပ်သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။

#PAN