ကော်လ်ကတ္တားဆိပ်ကမ်းမှ ကြီးမှူးကျင်းပသော အိန္ဒိယနိုင်ငံ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းဝန်ကြီးဌာန၊ ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်

ဇွန်  ၆

      မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့မှ ကောင်စစ်ဝန်ချုပ် ဦးတင်မိုး သည် စီးပွားရေးသံမှူး ဦးကောင်းထွဋ်အောင် လိုက်ပါလျက် ၄-၆-၂၀၂၃ ရက်၊ (၁၁:၄၅) နာရီတွင် J. W. Marriott Hotel ၌ ကော်လ်ကတ္တားဆိပ်ကမ်း (Syama Prasad Mookerjee Port, Kolkata) မှ ကြီးမှူးကျင်းပသည့် ဆိပ်ကမ်းအသုံးပြုမှု၊ ပင်လယ်ရေကြောင်းပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ကုန်းတွင်းရေကြောင်းသွားလာရေး တို့နှင့် ပတ်သက်သော တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

     ယင်းဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံ၊ ဆိပ်ကမ်း၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Sarbananda Sonowal ၊ ပြည်နယ်ဝန်ကြီး Shantanu Thakur ၊ Syama Prasad Mookerjee Port, Kolkata မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ခံကိုယ်စားလှယ်များ၊ နီပေါကောင်စစ်ဝန်ချုပ်၊ ဘူတန်ကောင်စစ်ဝန်ချုပ်၊ ဘင်္ဂလားဒေ့ရှ် High Commissioner ရုံးမှ ကော်မရှင်နာနှင့်  ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

      ဆွေးနွေးပွဲတွင် သက်ဆိုင်ရာ နိုင်ငံများအလိုက် ဆိပ်ကမ်းအသုံးပြုမှု၊ ပင်လယ်ရေကြောင်းပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ကုန်းတွင်းရေကြောင်းသွားလာရေး တို့နှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အနာဂတ်စီမံကိန်းများ၊ လက်ရှိကြုံတွေ့နေရသော အခက်အခဲနှင့် စိန်ခေါ်မှုများအား တင်ပြဆွေးနွေးခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီး Sarbananda Sonowal ကလည်း အိန္ဒိယနိုင်ငံ အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်စေရန်၊ နှစ်ဦးနှစ်ဖက် အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းစေရန် အစဉ်အမြဲဆောင်ရွက်လျက်ရှိကာ အခက်အခဲနှင့် စိန်ခေါ်မှုများကို အတူတကွ ဖြေရှင်းနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။

#PAN