တာချီလိတ်မြို့နယ်အတွင်း ဆောက်လုပ်ဆဲနေအိမ်များကို မီးသတ်သန္ဓေဝန်ထမ်းဟု ပြောဆိုကာ ငွေကြေးများကောက်ခံနေ

ဇွန်  ၄

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ၊တာချီလိတ်မြို့နယ်အတွင်းရှိ မြို့နယ်မီးသတ် သန္ဓေအဖွဲ့မှ ဝန်ထမ်းအချို့သည် ရပ်ကွက်အတွင်းရှိ နေအိမ်များဆောက်လုပ်နေစဉ် မီးသတ်တပ်ဖွဲ့ ၏ ထောက်ခံချက်မပါရှိဘဲ ဆောက်လုပ်နေဆဲ အိမ်များကို ငွေများလိုက်လံကောက်ခံလျက်ရှိသည်ဟု ငွေကြေးလာရောက်ကောက်ခံခြင်း ခရသူများမှ ဆက်သွယ်ပြောကြားလာပါတယ်။

    “ စည်ပင်ကို ဆောက်လုပ်ခွင့် တင်ရတာတာ့ သိတယ်။ မီးသတ်ကို တင်ရတာ မသိတော့ သူတို့ လာမေးတော့ မီးသတ်ကို အကြောင်းမကြားရသေးဘူး၊ဒါကြောင့် ပိုက်ဆံပေးရမယ် ပြောတယ်။စာရွက်စာတမ်းနဲ့ တင်ရင်ကြာမှာ ၊ကျွန်တော်တို့ကို ပေးလိုက်ရင်ရတယ်” ဟု ပါလျံရပ်ကွက်တွင်း ရှိ ငွေတောင်းခံရသူတစ်ဦးကဆိုပါတယ်။

       အလားတူ မေလ နောက်ဆုံးပတ်အတွင်း ၌လည်း ဆန်ဆိုင်း(က)ရပ်ကွက်၊ဝမ်မိုင်အတွင်း အိမ်သစ် ဆောက်နေသူတစ်ဦးအားလည်းမီးသတ်အဖွဲ့သန္ဓေ၏ ဝန်ထမ်းတစ်ဦးက သွားရောက် ငွေတောင်းခံခဲ့ကြောင်း အိမ်ပိုင်ရှင်မှ ဆက်သွယ် ပြောကြားလာပါတယ်။ အဆိုပါအိမ်ပိုင်ရှင်မှ မီးသတ်ဆေးဗူး၊အခြားသော ငွေကောက်ခံမှု စသည်ဖြင့် ခေါင်းစဉ်များဖြင့် ဘတ်ငွေ ၂  သောင်း ငွေပေးချေ ဘောင်ချာနှင့် ပေးဆောင်ခဲ့ရကြောင်း သိရှိရပါတယ်။

    “တကယ်လို့ အိမ်ဆောက်မယ်ဆိုရင် နှစ်ထပ်ခွဲပဲဆောက်မယ်ဆိုရင် စည်ပင်ကိုပဲ တင်ပါ။မီးသတ်ကို သွားစရာမလိုပါ။နှစ်ထပ်ခွဲနဲ့အထက်အိမ်နဲ့ အခန်းငှါးဆိုရင် ပြည်နယ်မီးသတ်ကို တင်ရမယ် ။ဟိုတယ်၊မိုတယ်ဆိုရင် နေပြည်တော်ရုံးချုပ်အထိ တင်ရမှာဆိုတာရှိတယ်။သက်ဆိုင်ရာ မီးသတ်ဌာနတွေကနေတဆင့် တင်ပေးလို့ရပါတယ်။”ဟု တာချီလိတ်မြို့နယ် အရန်မီးသတ်ရုံးမှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒာလင်းက ပြောကြားခဲ့ပါတယ်။

     တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်များ၌ မီးသတ်တပ်ဖွဲ့ဝင်များမှ ဆောက်လုပ်ဆဲ အိမ်များအား ငွေကောက်ခံနေမှုအပေါ် မြို့နယ် အရန်မီးသတ်နှင့် သက်ဆိုင်မှု မရှိကြောင်း ဦးရဲနန္ဒာလင်းမှ တဆက်တည်း ပြောကြားခဲ့ပါတယ်။

#PAN