ဇွန် ၃
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ သီးမြစ်ဒေသတွင် မေ ၂၆ ရက်နေ့စ၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး ယမန်နေ့တွင် လွတ်လပ်ရေး ကျောက်တိုင်ကုန်းထိပ်မှ တစ်နေကုန် တပ်မတော်ဖက်မှ လက်နက်ကြီးဖြင့် ပစ်ကူလျက်ရှိကြောင်း၊ ယနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်မှ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်ထိ ဟားခါးမြို့အနီး သီးမြစ်ကုန်းဒေသနှင့် ဟားခါး – ရေဇွာလမ်း ၁၅မိုင်ဝန်းကျင်ရှိ အကြမ်းဖက်သောင်းကျန်းသူ CDFများကို လေယာဥ် ၂ စင်းဖြင့် ဗုံးကျဲရှင်းလင်းလျက်ရှိကြောင်း၊သီးမြစ်ကုန်းဒေသကို လက်နက်ကြီးများဖြင့် မိုးချုပ်သည်အထိ ပစ်ကူလျက်ရှိကြောင်း မွန်းလွဲ ၁ နာရီခန့်မှ ညနေ ၄ နာရီ ခန့်အထိ သေနတ်ပစ်ခတ်သံများ ဟားခါးမြို့ပေါ်ကပင် ကြားနေရကြောင်း သိရှိရပါသည်။
ချင်းပြည်နယ်အတွင်း အကြမ်းဖက်သောင်း ကျန်းသူ CDFများသည် အများပြည်သူ သွားလာနေသော ကားလမ်းမများပေါ်တွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်ဆောင်ရွက်လျှက်ရှိရာ ကလေး – ဖလမ်း – ဟားခါးလမ်း အပိုင်း မေလ ၁၇ ရက်နေ့ ကားလမ်း အသုံးပြုလို့ရပြီးနောက်ပိုင်း ယခုအခါ ကလေးမှ ၄၅ မိုင်အကွာ ဗားလုံကျေးရွာအနီး ဖလမ်းအကြမ်းဖက်သောင်းကျန်းသူ CNDF မှ ဂိတ်တစ်ခု၊ ဖလမ်းမှ ဟားခါးလမ်း ၁၆ မိုင် လေးလက်ကျေးရွာသွား ကားလမ်းဆုံတွင် အကြမ်းဖက်သောင်းကျန်းသူ CNA/CDF ပူးပေါင်းဂိတ်တစ်ခု၊ တလန်ဇာရ်ကျေးရွာအနီး (ယခင်ရဲဖက်စခန်း) လိုင်ဗားဆည်လမ်းခွဲတွင်ဂိတ်တစ်ခု၊ ဟားခါးမှ ၁၄ မိုင်အကွာချွန်ကျုံးကျေးရွာအနီးတွင် အကြမ်း ဖက်သောင်းကျန်းသူ Hakha CDF မှဂိတ်တစ်ခုတိုကို ယခင်အပတ်တွင် စတင်ပြန်လည် ဖွင့်လှစ်ကြောင်းသိရှိရပါသည်။
အဆိုပါစစ်ဆေးရေးဂိတ်များတွင် ခရီးသွားများအားလုံး မှတ်ပုံတင်စစ်ဆေးခြင်း တင်းကျပ်စွာဆောင်ရွက်ကြောင်းသိရပြီး ၁၆ မိုင်ဂိတ်တွင် ခရီးသွားပြည်သူများအားလုံး မှတ်တမ်းရေးသွင်းများ ဆောင်ရွက်ကြောင်းသိရသည်။
ဟာခါး – ဂန်ဂေါလမ်းအပိုင်းတွင် မေ ၁၇ ရက်နေ့ ကားလမ်းအသုံးပြုလို့ရပြီးနောက်ပိုင်း ဟားခါးမှ ၄၅ မိုင်အကွာ လုံကျွေးကျေးရွာအနီးတွင် ဂိတ်တစ်ခု၊ ၅၈ မိုင်အကွာ လေအွမ်ကျေးရွာအနီးတွင် ဂိတ်တစ်ခုတို့ကို အကြမ်းဖက်သောင်းကျန်းသူ Hakha CDF အဖွဲ့က စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ကြောင်းသတင်းရရှိသည်။
#PAN