လောင်းလုံးမြို့နယ်၊မြို့ဟောင်းကျေးရွာရှိ မြို့ဟောင်း အထက ခွဲ ကျောင်းမှ ဆရာမ နှစ်ဦးကို PDF လူသတ်အကြမ်းဖက်များက နေအိမ်အတွင်း ဝင်ရောက်ရိုက်နှက်

ဇွန် ၂

     တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊  လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာရှိ မြို့ဟောင်း အထက ခွဲ ကျောင်းမှာ တာဝန်ထမ်းဆောင်နေသော ဒေါ်သီတာဦးနှင့် ဒေါ်သင်းသင်းလတ်တို့ ၂ ဦးသည် ဇွန်လ ၁ ရက်နေ့က ညအချိန် ၎င်းတို့၏နေအိမ်များတွင် အိပ်ပျော်နေစဉ်  PDF လူသတ်အကြမ်းဖက်အဖွဲ့များက နေအိမ်အတွင်း ဝင်ရောက်၍ ရိုက်နှက်သွားခဲ့ကြောင်း သိရှိရပါတယ်။

    ”ဆရာမ ၃ ဦးရဲ့အိမ်ကို တက်တာပါ၊  ကျန်တစ်ယောက်က ထား၀ယ်ပညာရေးကောလိပ်မှာ BED စာမေးပွဲ ဖြေနေလို့ မတွေ့လိုက်ဘူးခင်ဗျ” ဟု ဒေသခံရွာသား တစ်ဦးက PAN သို့ ပြောပြလာပါတယ်။

     အဆိုပါ လူသတ်အကြမ်းဖက်သောင်းကျန်း သူ PDF စခန်းမှာ မြို့ဟောင်း တောင်ဘက်က မွန်တောကုန်းတွင် အင်အား ၂၀၀ ခန့်ရှိကြောင်း သတင်းရရှိပါတယ်။

#PAN