“စစ်လက်နက်ထိန်းချုပ်ရေးဆိုင်ရာများ ဖော်ဆောင်ရေး အတွက် ရှေ့ဆက်တိုးလို့မရသည့်အခြေအနေများ ဖြစ်ပေါ်နေသည့် အမေရိကန် ပင်တဂွန်”

ဇွန် ၃

အမေရိကန်နိုင်ငံ ပင်တဂွန် နှင့် တရုတ်နိုင်ငံ တို့ သဘောတူညီထားကြသော စစ်လက်နက်ထိန်း ချုပ်ရေးဆိုင်ရာ တိုးတက်မှုများ လုပ်ဆောင်နိုင်ရန် အမေရိကန်က ရှေ့ဆက်တိုး လို့မရသည့် အခြေနေ များ ဖြစ်နေတာဖြစ်ပါတယ်။

အဆိုပါ စစ်လက်နက်ထိန်းချုပ်ရေးဆိုင်ရာ သဘော တူညီချက် တစ်ခု ဖော်ဆောင်ရေး တိုးတက် မှုများ ဖြစ်ပေါ်လာစေရန် အမေရိကန်ပြည်ထောင်စုက တရုတ် (ပေကျင်း)နိုင်ငံ ကို ဖုန်းခေါ်ဆိုမှု များပြု လုပ်ခဲ့သော်လည်း ဖြေကြားခြင်းမရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲ Lloyd Raytheon Austin က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ ဒီပြဿနာကို အလေးအနက် ထားပါတယ်။ စစ်လက်နက်ထိန်းချုပ် ရေးကိစ္စနဲ့ ပတ်သက်ပြီး People’s Republic of China (PRC) နဲ့ သီးခြားအဆက်အသွယ်တွေပြုလုပ်ပြီး ဒီအကြောင်း အရာတွေကို ဆွေးနွေးဖို့အပ်ပါတယ်။ သူတို့က ကျနော့်ဖုန်းခေါ်တာကို လက်ခံပြီးတာနဲ့ ကျနော်တို့က အဲဒါကို လုပ်သွားမှာပါ” လို့ စင်္ကာပူနိုင်ငံတွင် ဇွန်လ ၂ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပနေသည့် Shangri-La Dialogue ဒေသတွင်း လုံခြုံရေး Forumတွင် ဆွေးနွေးမှုများ ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် အမေရိကန် ပင်တဂွန် က ရယ်မောကာ ရွဲ့တဲ့တဲ့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

မကြာသေးမှီအချိန်က စင်္ကာပူနိုင်ငံတွင် ပြုလုပ်ကျင်း ပနေသည့် Shangri-La Dialogue forum ဆွေးနွေးပွဲ ကြီးတွင် အမေရိကန်နိုင်ငံ နှင့် တရုတ်နိုင်ငံ တို့၏ ကာကွယ်ရေးဌာနမှ အကြီးအကဲ များ တွေ့ဆုံ ကြရန် အမေရိကန် ဝါရှင်တန်၏ တောင်းဆို ချက်များ ကို ဘေဂျင်း(တရုတ်)နိုင်ငံက ပယ်ချခဲ့ပြီးဖြစ်ကြောင်း သတင်းဌာနများက ဖော်ပြပြောဆို ထားကြပါတယ်။