ဇွန် ၃
ယမန်နေ့ ည ၉ နာရီ အချိန်ခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် KNU တပ်မဟာ(၁) လက် အောက်ခံ အကြမ်းဖက်သောင်းကျန်းသူ PDF တစ်ဦးဖြစ်သော မင်းသူအောင်၊ ၃၇ နှစ်၊(ဘ)ဦးမြင့်အောင်၊ခမောက်စုကျေးရွာ၊လေးမျက်နှာမြို့နယ်၊ ဧရာဝတီ တိုင်းဒေသကြီးနေသူကို ဖမ်းဆီးရမိကြောင်း သိရှိရပါသည်။
၎င်းကို စစ်ကြောချက်အရ ၎င်းသည် KNU တပ်မဟာ(၁)၊ ရင်း(၃)မှ စောလှထွန်း ဆိုသည်နှင့်အတူ KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်း ရွှေလုပ်ငန်းရှင်များထံမှ ဆက်ကြေး ကောက်ခံမှုများတွင် ကိုယ်တိုင်ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်လုပ်ငန်းပေါင်းများစွာ ကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြီး သက်ဆိုင်ရာမှ တည်ဆဲဥပဒေပုဒ်မများအရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
#PAN