ရွှေပြည်သာမြို့နယ်၊အမှတ်(၄)လမ်းမကြီးဘေးတွင် PDF အမည်ခံ လူTတ်အကြမ်းဖက်သောင်းကျန်းသူများ၏ လက်လုပ်မိုင်း ၂ ခုကို တွေ့ရှိ၊ ဖောက်ခွဲဖျက်ဆီးခဲ့

ဇွန် ၂

     ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊အမှတ်(၂၅)ရပ် ကွက်၊ အုတ်ဖိုကျေးရွာ၊ အမှတ်(၄)လမ်းမကြီးဘေး၊ ပါဝါဖက်ရှင်အထည်ချုပ်စက်ရုံရှေ့လမ်း
တစ်ဖက်ခြမ်းရှိ သစ်ပင်အောက်တွင် ကြွပ်ကြွပ်အိတ်အမဲဖြင့် ထုပ်ထားသည့် အလျား(၁၀) လက်မ၊ အချင်း(၄)လက်မခန့်ရှိ “လေတပ်အတွက်”ဟု ရေးသားထားသောစာတမ်းပါ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၂ ခုကို မပေါက်ကွဲသေးဘဲတွေ့ရှိရကြောင်း သိရှိရပါသည်။

       အဆိုပါ လက်လုပ်မိုင်း ၂ ခုကို နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ မိုင်းရှင်းလင်းအဖွဲ့က စစ်ဆေးခဲ့ရာ PVC ပိုက်တစ်ခုလျှင် (9.V) ဓါတ်ခဲ ၂ လုံး၊ အချိန်ကိုက်ဆားကစ်ပြား(၁)ခု၊ အဝေးထိန်းဆားကစ်ပြား ၂ ခုစီတို့ဖြင့် တွဲလျှက် PVC ပိုက်ဖြင့် ပြုလုပ်ထားသော မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း ၂ လုံးဖြစ်ပြီး ၎င်းတို့ကို
အသက်မဲ့အောင်ပြုလုပ်ခဲ့ပြီး တွေ့ရှိသည့်နေရာနှင့် အနောက်မြောက် အရပ် ၁ ဖာလုံခန့်အကွာ
မြေကွက်လပ်တွင် တာယာကွင်းများ၊ သဲအိတ်များဖြင့် ကာရန်ပြီး ယမ်းကပ်ဖောက်ခွဲ ရှင်းလင်း
ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN