“နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တိုးမြှင့်နိုင်ရန် သဘော တူညီခဲ့ကြသည့် တရုတ် နှင့် နိုင်ဂျီးရီးယား”

ဇွန် ၂

နိုင်ဂျီးရီးယားနိုင်ငံ၏ သမ္မတ Bola Tinubu သည် တရုတ်နိုင်ငံသမ္မတ ၏ အထူးသံတမန် နှင့် တရုတ် အမျိုးသား ပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သည့် Peng Qinghua နှင့် နိုင်ဂျီးရီးယား နိုင်ငံ၏ မြို့တော် Abuja မြို့ ရှိ သမ္မတ အိမ်တော်ကြီးတွင် ပြီးခဲ့သည့် ဇွန်လ ၁ရက်နေ့က တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြ တာဖြစ် ပါတယ်။

အဆိုပါ တွေ့ဆုံမှုများပြုလုပ်စဉ်အတွင်း တရုတ် – နိုင်ဂျီးရီးယား နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် အထူးသဘော တူညီမှု အချက်များ ရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။

“ကျနော်တို့ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေပြီး ကျနော်တို့ နဲ့အတူ စီးပွားရေးလုပ်ရန် အဆင်သင့်ဖြစ်နေကြသူများနှင့် ရိုးရိုးသားသား စီးပွားရေးလုပ်ကိုင်နိုင်ရန် အဆင်သင့်ဖြစ်နေပါပြီ”လို့ Tinubu က အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြား ခဲ့တာဖြစ်ပြီး “ကျနော် တို့နှစ်နိုင်ငံကြားတွင် ပိုမိုခိုင်မာသော သံတမန်ဆက်ဆံရေးများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် မျှော်လင့်နေပါတယ်”လို့ ၎င်းက ထပ်လောင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။