ရေးမြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း တစ်ဦးကို PDF အမည်ခံ လူသတ်အကြမ်းဖက်သောင်းကျန်းသူများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇွန် ၂

     ယနေ့ ည ၇ နာရီ ၄၅ မီးနစ်အချိန်၊မွန်ပြည်နယ်၊
ရေးမြို့နယ်၊ချောင်းတောင်ကျေးရွာအုပ်စု၊ချောင်းတောင်ကျေးရွာ၊အကွက်(၅)နေ ဦးပန်ရွှေ(ဘ)ဦးထွန်းရှိန်းသည် ချောင်းတောင်ကျေးရွာ၊အကွက် (၄)၊ကျေးရွာဆိုင်းဘုတ်အနီးရှိ ရဲထွန်းဦး ပိုင် ဘိလိယက်ခုံအဆောက်အဦအတွင်းမှ ပြန်အထွက်တွင် PDF အမည်ခံ လူသတ်အကြမ်းဖက်သောင်းကျန်းသူ(စိစစ်ဆဲ)က သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခဲ့ရာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာအနီးမှ 9MM Luger ကျည်ခွံ ၄ ခုကို တွေ့ရှိရကြောင်း သိရှိရပါသည်။

      သေဆုံးသူ ဦးပန်ရွှေ သည် ချောင်းတောင်ကျေးရွာပြည်သူ့စစ်ဌာနေအဖွဲ့ဝင်ဟောင်းဖြစ်ပြီး လက်ရှိတွင် ပြည်သူ့စစ်အဖွဲ့မှ နှုတ်ထွက်ထားသူဖြစ်ကြောင်း သိရပါသည်။

    တိုင်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာရှင်တော်လှန် ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် အရပ်ဖက်ပစ်မှတ်များကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြကြောင်း၊ ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ​ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေကြောင်း သိရပါသည်။

#PAN