မြိတ်မြို့နယ်အတွင်း လူသတ်အကြမ်း ဖက် PDF များက လက်နက်အားကိုးဖြင့် သာမန်ပြည်သူတစ်ဦးကို ပြန်ပေးဆွဲ

ဇွန် ၂

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ သကန်တောင်ပုကျေးရွာနေသူ ကိုဝင်းဇော် ကို လူသတ်အကြမ်း ဖက် PDF များက ယနေ့ မွန်းတည် ၁၂ နာရီအချိန်ခန့်က မဇောတိုးဂိတ်အလွန် ကြက်ယက်ကမ်းတောင်နားတွင် ဖမ်းဆီးပြီးငွေကျပ်သိန်း၅၀ ဖြင့်လာရောက်ရွေးယူရန် ဖုန်းဆက်ပြောကြားခဲ့ကြောင်းသိရှိရသည်။

     ကိုဝင်းဇော် ၏ မိသားစုဝင်တစ်ဦးက ကြက် ယက်ကမ်းတောင်တွင်ငွေကျပ် သိန်း ၅၀ ကို အဆိုပါ လူသတ်အကြမ်းဖက် PDF များထံ သွားရောက်ပေးခဲ့ပြီးနောက် ယနေ့ ညနေ ၆ နာရီအချိန်ခန်တွင် ကိုဝင်းဇော်ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

   ထို့ပြင် ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်ကလည်း လူသတ်အကြမ်းဖက် PDF များ မြိတ်မြို့နယ်၊တရုတ်ဘုံကျောင်းအနီး၊မြတ်နိုးမေ KTV ရှေ့တွင် ဗုံးဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။

    PDF အမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် အရပ်သား သာမန်ပြည်သူများကို လက်နက်အားကိုးဖြင့် လူသတ်၊ခြိမ်းခြောက်၊ပြန်ပေးဆွဲ၊ဓားပြတိုက်ကာ အကြမ်းဖက်လုပ်ရပ်များကိုသာ လုပ်ဆောင်နေကြကြောင်း သိရှိရပါသည်။

#PAN