“နိုင်ငံ၏ အတိုက်အခံခေါင်းဆောင်ကို ပြစ်ဒဏ် ချမှတ်မှုများအပြီး လူ ၉ဦးထိသေဆုံးခဲ့ရသည့် ဆီနီဂေါနိုင်ငံ”

ဇွန် ၂

အနောက်အာဖရိကတိုက်၏ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆီနီဂေါ နိုင်ငံတွင် နိုင်ငံ၏ အတိုက်အခံပါတီ ခေါင်းဆောင် Ousmane Sonko က အနှိပ်ခန်းတစ်ခုတွင် အလုပ်လုပ်နေသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး သေဆုံးသွားသည် အထိ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သောကြောင့် ဆီနီဂေါနိုင်ငံအတွင်းရှိ တရားရုံးက ပြီးခဲ့သည့် ဇွန်လ ၁ရက်နေ့တွင် Sonko ကို ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စီရင်ချက်ကို ချမှတ်ခဲ့ပြီးနောက် အဓိကရုဏ်း နှိမ်နင်းရေးရဲတွေနဲ့ အတိုက် အခံခေါင်းဆောင် Ousmane Sonko ကို ထောက်ခံသူ တွေများ အကြား ရုန်းရင်းဆန် ခတ်ဖြစ်ခဲ့ကြပြီး အနည်းဆုံး လူ၉ ဦးထိ သေဆုံးခဲ့ရပါတယ်လို့ ယနေ့ဇွန်လ ၂ရက်နေ့ အစောပိုင်းတွင် ​ဆီနီဂေါနိုင်ငံ၏ ပြည်ထဲရေး၀န်ကြီး Antoine Felix Abdoulaye Diome က နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် တရားဝင်ကြေငြာချက် ကိုထုတ်ပြန်ခဲ့ တာဖြစ်ပြီး ဆီနီဂေါနိုင်ငံ၏ မြို့တော် Dakar နှင့် Ziguinchorမြို့တို့တွင်သေဆုံးမှုများ ဖြစ်ပွားခဲ့ တာဖြစ် ကြောင်း​လည်း တရားဝင်ထုတ်ပြန် ပြောကြား ခဲ့တာဖြစ်ပါတယ်။