ကြာအင်းဆိပ်ကြီးမြို့ရှိ တပ်ရင်းဌာနချုပ်များနှင့် လုံခြုံရေးအဖွဲ့များကို အကြမ်းဖက်​သောင်း ကျန်းသူ KNU/ PDF ပူးပေါင်းအဖွဲ့များက လာရောက်တိုက်ခိုက်၊ သံဃာများအပါအဝင် အရပ်သားပြည်သူများ သေဆုံးမှုများရှိ

ဇွန် ၂

    ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့ရှိ ခလရ ၂၈၄ တပ်ရင်းဌာနချုပ်ကို အကြမ်းဖက်​သောင်း ကျန်းသူ KNU/ PDF ပူးပေါင်းအဖွဲ့များက Drone ၁ စီးဖြင့် ယနေ့နံနက် ၀၀:၃၀ ချိန်ခန့်တွင် ဗုံး ၂ လုံး၊ ၀၁:၁၄ ချိန်ခန့်တွင် ဗုံး ၂ လုံး၊ ၀၃:၅၈ ချိန်ခန့်တွင် ဗုံး၂ လုံးတို့ဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့​ပါတယ်။

     ၎င်းနောက် KNLA တမဟ(၆) ရင်း(၁၆) ခွဲ(၁)မှ ဒုခွဲမှူးအဆင့်ရှိ စောအောခေါ(ခ)အခေါင်း နှင့်အင်အား ၅၀ ဦးကျော်ခန့်၊ ရင်း(၁၇) ခွဲ(၂)ခွဲမှူးအဆင့်ရှိ သယ်ဖာထော နှင့်အင်အား ၇၀ ဦးကျော်ခန့်၊ PDF အကြမ်းဖက်အဖွဲ့ (SOF)မှ ခေါင်း ဆောင်(စိစစ်ဆဲ)နှင့် အင်အား ၃၀ ကျော်ခန့်၊ KTLA စောအယ်စေးဝါး အဖွဲ့မှခေါင်းဆောင်(စိ စစ်ဆဲ)နှင့်အင်အား ၃၀ ဦးကျော်ခန့်၊ စုစုပေါင်း ၁၈၀ ဦးကျော်ခန့်တို့သည် ကြာအင်းဆိပ်ကြီးမြိို့နယ်၊ ရွှေလင်းကျေးရွာဘက်မှ ကြာအင်းဆိပ်ကြီးမြို့၊ အမှတ်(၂)ရပ်ကွက်(ချောင်းနှစ်ခွ- ကြာအင်းဆိပ်ကြီးမြို့အဝင်)စိုက်ပျိုးရေးလမ်းနှင့် ကြာအင်းဆိပ်ကြီးမြို့၊ အမှတ်(၆)ရပ်ကွက် (ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူမြို့အထွက်)ဘက်ခြမ်းတို့မှ အရပ်ဝတ်/ ယူနီဖောင်းများဝတ်ဆင်ပြီး အုပ်စုခွဲကာ ရပ်ကွက်အတွင်းရှိ ပြည်သူများ၏နေအိမ်များအားအကာအကွယ်ယူပြီး ကြာအင်းဆိပ်ကြီးမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကြာအင်းဆိပ်ကြီးခရိုင်ရဲစခန်းနှင့် အမှတ်(၆)ရပ်ကွက်ရှိ စရတ စု-၄ ရုံး၊ ခရိုင်စီမံရုံး၊ လဝကရုံး၊ သစ်တောရုံး၊မြေစာရင်းရုံးတို့နှင့် မြို့တွင်းလုံခြုံရေးအဖွဲ့များကို ယနေ့ နံနက် ၅ နာရီ ၅ မီးနစ်အချိန်မှ ၇ နာရီ ၄၅ မီးနစ်အချိန်ထိလက်နက်ကြီး၊လက်နက်ငယ်များဖြင့်လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ကြာအင်းဆိပ်ကြီးတပ်နယ်မှ အခြေချစစ်ဗျူဟာနှင့် တပ်ဌာနချုပ်များက လက်နက်ကြီးပစ်ခတ်ပြီး ပစ်ကူပေးခဲ့ကြောင်း သိရှိရပါတယ်။

   ထိုသို့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူ ခြေထောက်ပြတ် ၁ ဦး(စိုးရိမ်ရ)၊ လက်တဖက်ပြတ်နှင့် ဗိုက်ပွင့် ၁ ဦး (စိုးရိမ်ရ)၊ အခြားဒဏ်ရာရ ၂ ဦး၊ စုစုပေါင်း ၄ ဦးရရှိခဲ့သည့်အတွက် ကမ္ဘာ့ရတနာဘဏ်အနီးရပ်ထားသည့် ပြည်သူတစ်ဦး၏ကားကို ယူဆောင်ကာ ဒဏ်ရာရသူများအား ၎င်းကားနှင့်တင်ဆောင်ပြီး ရွှေလင်းကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း၊ နံနက် ၇ နာရီ ၅၀ မီးနစ်အချိန်မှ ၈ နာရီ ၁၀ မီးနစ်အချိန်ထိ တပ်မတော်လေမှ MI 35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၁ စီးဖြင့် ကြာအင်းဆိပ်ကြီးမြို့အနီးဝန်းကျင်ရှိ ရန်သူစုဖွဲ့သည့်နေရာများသို့ ပစ်ခတ်ခြင်းလင်းမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။

  ”ကြာအင်းဆိပ်ကြီးမြို့ရဲ့စျေးအနားထိ အကြမ်းဖက်တွေရောက်လာတယ်၊  ရဲစခန်းနဲ့က ကိုက် ၅၀ လောက်ပဲဝေးတယ်၊မီးသတ်ကားတွေကို ကားဘီးတွေကို ပစ်ဖောက်လိုက်တယ်ကြားတယ်၊မီးရိူ့ဖို့လုပ်မဲ့ပုံပါပဲ၊ သူပုန်ကမြို့ထဲ လိုက်ပတ်နေတယ်ကြားသိရတယ်၊တပ်ကရဟတ်ယာဥ်တွေကလည်း မြို့ထဲက အကြမ်းဖက်တွေကို အတွဲလိုက်ပတ်ပစ်နေတယ် ” လို့ မြို့ခံတစ်ဦးက PAN ကို ပြောပြလာပါတယ်။

   အဆိုပါ အကြမ်းဖက်​သောင်းကျန်းသူ KNU/ PDF ပူးပေါင်းအဖွဲ့သည် မြို့တွင်း၊မြို့ပြင်မှ လက်နက်ကြီး၊လက်နက်ငယ်တို့နဲ့ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ပေါက်အင်းချောင်လမ်းဘက်မှကား​ဖြင့် ဝင်ရောက်လာပြီး အမှတ်(၆)ရပ်ကွက်သို့ရောက်ရှိလာကာ အမှတ်(၆)ရပ်ကွက်ပြည်သူအထိနာလျက်ရှိပြီး သေဆုံးသူများလတ်တလော တွေ့ရှိရ ကြောင်း၊ လတ်တလောရရှိတဲ့ သတင်းများအရ လက်ရှိကမ်းနားလမ်းဘုန်ကြီးကျောင်းမှ ဘုန်ကြီးနှစ်ပါးနှင့် ရပ်ကွက်/ ၃ မှ ၁၅ နှစ် အရွယ်လူငယ်တစ်ဦးလည်း သေဆုံးမှုရှိခဲ့ပြီး မြို့ထဲတွင်လည်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အပျက်စီးများရှိခဲ့ပြီး အကြမ်းဖက်​သောင်းကျန်း သူ KNU/ PDF ပူးပေါင်းအဖွဲ့များ မြို့ထဲမှ ဆုတ် ခွာသွားသော်လည်း မြို့ပြင်ဖက်တွင် တိုက်ပွဲဖြစ် ပွားနေသော အသံများကြားနေရဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးမှ သတင်းပေးပို့လာ​ပါတယ်။

#PAN