ကော့သောင်းမြို့နယ်အတွင်း ကျေးရွာမူလွန်ကျောင်းများတွင် ဆရာ/ဆရာမများမရှိ၍ အခက်အခဲကြုံလျက်ရှိ

ဇွန် ၂

     တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဘန့်ကချွန်ကျေးရွာအုပ်စု၊ ရေငန်းချိုင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင်တပ်မတော်က စတင်အာဏာထိန်းသိမ်းပြီး
စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင်အဆိုပါကျောင်းရှိဆရာမများအားလုံးက  CDM ပြုလုပ်ခဲ့သဖြင့် ကျေးရွာခန့်ဆရာမများဖြင့်သာရွာမှတာဝန်ယူ၍ ပညာသင်ကြာရေးဆောင်ရွက်ခဲ့ရသည်မှာ ပညာသင်နှစ် ၂နှစ်ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

      ယခုနှစ်ကျောင်းဖွင့်ရာသီအထိ အစိုးရခန့်ပညာရေးဝန်ထမ်းများ မရရှိသေးသောကြောင့်
ယခုနှစ်ကျောင်းဖွင့်ရာသီတွင် ကျေးရွာရှိပြည်သူများအခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း၊
အလားတူ ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ ပုလောဘာလိုင်းကျေးရွာမူလွန်ကျောင်းတွင်လည်း အစိုးရခန့်ပညာရေးဝန်ထမ်းများမရှိသဖြင့် ကျောင်းသားများပညာသင်ကြားနိုင်ရေးအခက်အခဲဖြစ်ပေါ်လျက်ရှိကြောင် ဒေသခံပြည်သူများက သတင်းပေးပို့လာပါသည်။

#PAN