“ကုန်သွယ်မှုမြှင့်တင်ရန် ပိတ်ဆို့ထားသော ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ဆိုင်ရာများ ပြန်လည်ဖွင့် လှစ်နိုင်ရေး သဘော တူညီခဲ့ကြသည့် အီရန် နှင့် အီရတ်”

ဇွန် ၂

အီရန် – အီရတ် နှစ်နိုင်ငံ ကုန်သွယ်မှုများ မြှင့်တင်နိုင် ရန်အတွက် နှစ်နိုင်ငံ နယ်စပ်များတွင် ကန့်သတ်ချက် များကို ဖြေလျှော့ပေးကြမည့် အရိပ်အယောင်များ ရှိနေ ကြောင်း သတင်းဌာနများ ကဖော်ပြပြောဆို နေကြတာဖြစ်ပါတယ်။

အီရန်နိုင်ငံ နှင့်အီရတ်နိုင်ငံ တို့ကြား ကုန်သွယ်မှုသည် ပြီးခဲ့သည့် မေလနှောင်းပိုင်းထိ တစ်နှစ်ထက်တစ်နှစ် ၁၀ရာခိုင်နှုန်းကျော်တိုးတက် ခဲ့တာဖြစ်ကြောင်း အီရန်နိုင်ငံ၏ စီးပွားရေးသံတမန်ရေးရာ လက်ထောက် ဝန်ကြီး Mehdi Safari က ပြီးခဲ့ သည့် ဇွန်လ ၁ရက်နေ့တွင် ပြောကြား ခဲ့တာလည်း ဖြစ်ပါတယ်။

အီရန်နိုင်ငံအနောက်ပိုင်းရှိ ပြည်နယ် ၃ ခုတွင်ရှိသော တာဝန်ရှိသူများ နှင့် အီရတ်နိုင်ငံ Kurdistan ဒေသအတွင်းရှိ အရာရှိများသည် အီရန် မှ အီရတ်သို့ ပိတ်ဆို့ထားသည့် ကုန်သွယ်ရေး နှင့် လမ်းပန်းဆက်သွယ်ရေးများကို ခွင့်ပြုနိုင်ရန်အတွက် ပူးတွဲကုမ္ပဏီများကို ထူထောင် ကြရန် သဘောတူခဲ့ကြကြောင်း Safari က ထပ်လောင်း ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။