မိုးညှင်းမြို့နယ်၊ဟိုပင်မြို့အထက်တန်းကျောင်း ကျောင်းအုပ်ကြီးထံ အကြမ်းဖက်သောင်းကျန်း သူ PDF များက ကျည်ဆံတစ်တောင့်နှင့် စာများပေးပို့ ခြိမ်းခြောက်ခဲ့​

ဇွန် ၁

     ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ဟိုပင်မြို့အတွင်းရှိ အထက်တန်းကျောင်းများနှင့် အချို့ကျောင်းခွဲများအား ဖွင့်လှစ်ခြင်းမပြုကြရန် လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အုပ်စုမှ ကျောင်းအုပ်ကြီးများထံ ကျည်ဆံတစ်တောင့်နှင့် စာများပေးပို့ ခြိမ်းခြောက်ခဲ့​ကြောင်းသိရသည်။

      ၎င်းစာတွင် Non CDM အချို့သည် စစ်တပ်၏ထောက်တိုင်များတွင် အစွန်းရောက်လုပ်ရပ်များဖြင့် စကစ၏ ယန္တရားတွင် ပါဝင်လှုပ်ရှားနေမှုများကို ရပ်တန့်ရန် အကြိမ်ကြိမ်သတိပေးပြီးဖြစ်ကြောင်း၊ ဆက်လက်လှုပ်ရှားဆောင်ရွက်ပါက လူကြီးမင်းတို့၏ အသက်အိုအိမ်းစည်းစိမ်များတွင် လုံးဝ အာမ မခံနိုင်ကြောင်း၊ နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်ကြောင်း ဖော်ပြပါရှိကြောင်း သတင်းရရှိပါသည်။

#PAN