“ယူကရိန်း ကို ၅နှစ်ကြာ စစ်ရေးအကူအညီများ ပေးမည့် နော်ဝေ”

ဇွန် ၁

နော်ဝေနိုင်ငံသည် ပဋိပက္ခများဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံ ကို ၅နှစ်ကြာ စစ်ရေးအကူအညီများ အဖြစ် ယူရိုငွေ ၇ ဘီလီယံ ကို ထောက်ပံ့ ပေးသွားမှာ ဖြစ်ပါတယ်လို့ နော်ဝေ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Anniken Huitfelt က ပြောကြားခဲ့ တာဖြစ် ပါတယ်။

၎င်း၏အဆိုအရ NATOမဟာမိတ် အဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများသည် ယူကရိန်းနိုင်ငံအား လူသားချင်း စာနာထောက်ထား မှုဆိုင်ရာများ စစ်ရေးအကူအညီများ ပံ့ပိုးပေးနိုင်ရေးများ နှင့် လာမည့် ဇူလိုင်လတွင် Lithuaniaနိုင်ငံ၏မြို့တော် Vilniusမြို့ ၌ ပြုလုပ်ကျင်း ပမည့် မဟာမိတ်အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးပွဲ အတွက် ပြင်ဆင်မှုများလည်း ပါဝင်ပါတယ်လို့ သတင်းဌာန များ ကဖော်ပြပြောဆိုထားပါတယ်။