မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအနီး ဒုံသမိတံတားရှိ လုံခြုံရေးအဖွဲ့နှင့် ဒူးရင်းဆိပ်ရွာအတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူ KNU /PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီး/ငယ်များနှင့် လာရောက်ပစ်ခတ်

ဇွန် ၁

   ယနေ့ နံနက် ၆ နာရီ ၂၅ မီးနစ်အချိန်ခန့်တွင်ကရင်ပြည်နယ်၊ နောင်ကျန်ကျေးရွာအုပ်စု၊ကော့ပနောကျေးရွာဖက်မှ လူသတ်အကြမ်းဖက်သောင်း ကျန်းသူ KNU /PDF ပူးပေါင်းအင်အား ၂၀၀ ခန့်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအနီး ဒုံသမိတံတားရှိ လုံခြုံရေးအဖွဲ့နှင့် ဒူးရင်းဆိပ်ရွာအတွင်းသို့ လက်နက်ကြီး/ငယ်များနှင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ ဒုံသမိတံတားရှိ လုံခြုံရေးအဖွဲ့များက မိမိပစ်ပိုင်နယ်ရှိ ဘန်ကာများတွင် နေရာယူ၍ ပြန်လည်ပစ်ခတ်နေစဉ် ဒုံသမိတံတား(မွန်ဘက်ခြမ်း)တွင် မော်တော်ယာဥ် (စိစစ်ဆဲ) ၁ စီးအချိန်ကိုက် ရောက်ရှိလာပြီး ယာဉ်မောင်းမှာ မော်တော်ယာဥ်ကို တံတားအဝင် ဘယ်ရီဂိတ်အနီးတွင် ရပ်တန့်ထားရှိကာ ထွက် ပြေးသွားပြီး ၆ နာရီ ၃၅ မီးနစ်အချိန် ရပ် တန့်ထားစဥ် ၎င်းမော်တော်ယာဥ်မှာ မီးလောင်ပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း ကရင် ဘက်ခြမ်းတွင်လည်း အလားတူ မော်တော်ယာဥ် ၁ စီးဖြင့် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ကြောင်း သိရှိရပါသည်။

     နံနက် ၆ နာရီ ၅၀ မီးနစ်အချိန် နယ်မြေခံတပ်နယ်မှ တပ်များစုပေါင်း လက်နက်ကြီးပစ်ကူပေးသဖြင့် ၇ နာရီ ၄၅ မီးနစ်အချိန်တွင် အကြမ်းဖက်သောင်း ကျန်းသူ KNU /PDF ပူးပေါင်းအင်အား ၂၀၀ ဦးခန့်အဖွဲ့မှ ကော့ပနော ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွါသွားခဲ့ပါသည်။

      ထိုသို့ အကြမ်းဖက်သောင်း ကျန်းသူ KNU /PDF ပူးပေါင်းအဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒူးရင်းဆိပ်ရွာအတွင်းရှိ နေအိမ်ခြံစည်းရိုးများ မီးလောင်သွားပြီး ဒူးရင်းဆိပ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနဆေးခန်းပေါ်သို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲသဖြင့်ပျက်စီးသွားကြောင်း သိရှိရပါသည်။

     အပြန်အလှန် ပစ်ခတ်မှုဖြစ်စဉ်တွင်  ဒုံသမိတံတား(မွန်ဘက်ခြမ်း)တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ဒုရဲအုပ် သိန်းဝေဖြိုးတွင် (ဝဲ) လက်မောင်းပွန်းပဲ့ဒဏ်ရာ ၁ ချက်၊ ခါးနောက်ဘက် ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ရဲတကက စိုးအောင် (ဝဲ)ရင်အုံ ၁ လက်မခန့် ပေါက်ပြဲ ဒဏ်ရာ(မစိုးရိမ်ရ)၊ တသ ဖြူလှ (ဝဲ)ပေါင်ပွန်းပဲ့ဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ) ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ဒုံသမိအားမာန် လူမှု ကူညီရေးအသင်းမှ မော်တော်ယာဥ်ဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN