(ပြည်တွင်း) ဩဂုတ် ၈
“ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်ကြောင်း ကော်မရှင်ကစစ်ဆေးတွေ့ရှိခြင်း” ဟူသည့် စကားရပ်အား ထည့်သွင်းပြဌာန်းလိုက်ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်လိုက်ခြင်းဖြစ်ပြီးနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ နည်းဥပဒေ ၁၅ နည်းဥပဒေခွဲ(ည)၏နောက်တွင် နည်းဥပဒေခွဲ(ဋ)အဖြစ် ယခုကဲ့သို့ ဖြည့်စွက်လိုက်ခြင်းသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ နည်းဥပဒေ ၁၅ တွင်ပါရှိသော အချက်များအား ငြိစွန်းကြောင်းကော်မရှင်က တွေ့ရှိလျှင် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်ရမည်ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီထွက်ရှိလာသည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေယခုအချက်မပါရှိသောကြောင့် NLD အစိုးရနှင့်NLD ပါတီမှ မဲလိမ်မဲခိုးမှု ၁၁.၃ သန်းခန့်ဖြင့် ရွေးကောက်ပွဲ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်ကြောင်း တွေ့ရှိရသည်။
#PAN