တရုတ်စစ်တပ်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦး အကျင့်ပျက်ချစားမှုနှင့် စစ်ဆေးခံနေရ


(နိုင်ငံတကာ) နိုဝင်ဘာ ၂၉

တရုတ်စစ်တပ်မှ ရေတပ်ဗိုလ်ချုပ်ကြီး Miao Hua သည် အကျင့်ပျက်ချစားမှုကြောင့် စစ်ဆေးခံနေရကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ Miao Hua မှာ အသက် ၆၉ နှစ်ရှိပြီး တရုတ်နိုင်ငံရေးထပ်ပိုင်း ခေါင်းဆောင်များ နီစပ်သူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

တရုတ်စစ်တပ်သည် အကျင့်ပျက်ချစားသည့် တရုတ်ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများအား အရှိန်အဟုန်ဖြင့် နှိမ်နင်းရှင်းလင်းခဲ့ပြီး ဩဇာကြီးမားသည့် စစ်တပ်အရာရှိများအား ရာထူးမှဖယ်ရှားကာ အရေးယူနိုင်ခဲ့သည်။

Miao Hua အရေးယူခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့်လုပ်ငန်းတွင် အကျင့်ပျက်ချစားမှုဖြစ်ပေါ်ခဲ့သည်ကိုတော့ တရုတ်အစိုးရမှဖော်ပြခြင်းမရှိခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN