(နိုင်ငံတကာ) နိုဝင်ဘာ ၂၉
ဆွီဒင်နိုင်ငံပိုင် ဘောလ်တစ်ပင်လယ်အတွင်းရှိ ရေအောက်ကေဘယ်လ်ကြိုးများ ပြတ်တောက်သွားမှုသည် တရုတ်သင်္ဘောကြောင့်ဖြစ်ကြောင်း ဆွီဒင်က တရားဝင်တောင်းဆိုထားကြောင်း သိရသည်။
၎င်းကေဘယ်လ်ကြိုးများသည် ဆွီဒင်နှင့် လစ်သူယေးနီးယားကို ဆက်သွယ်ထားသည့် ကေဘယ်ကြိုးများ၊ ဖင်လန်နှင့် ဂျာမနီကို ဆက်သွယ်ထားသည့် အခြားကေဘယ်ကြိုးများဖြစ်ပြီး ဘောလ်တစ်ပင်လယ်ရှိ ဆွီဒင်ရေပိုင်နက်တွင် နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ပျက်စီးသွားခဲ့သည်။
ဆွီဒင်၏ ပြောကြားချက်အရ တရုတ်သင်္ဘော Yi Peng Three သည် ကေဘယ်လ်ကြိုးပြတ်တောက်ချိန်တွင် ထိုဒေသတွင် ရှိနေသည်ဟု ယူဆရပြီး ဒိန်းမတ်ကမ်းလွန် နိုင်ငံတကာ ရေပိုင်နက်တွင် ကျောက်ချရပ်နားထားကြောင်းဆိုသည်။
တရုတ်ဘက်က ဆွီဒင်၏စွပ်စွဲချက်အား ပါဝင်ပတ်သက်ခြင်းမရှိခဲ့ကြောင်း ငြင်းဆိုခဲ့သည်။ အနောက်နိုင်ငံမီဒီယာများမှ တရုတ်သင်္ဘောသည် အဆိုပါကေဘယ်လ်ကြိုးများပေါ်တွင် ဖြတ်သန်းမောင်းနှင်ခဲ့ပြီး ကေဘယ်လ်ကြိုးများအား တမင်ပျက်စီးစေခဲ့ကြောင်းဖော်ပြခဲ့သည်။
ဆွီဒင်နိုင်ငံက အဆိုပါ ပြတ်တောက်သွားသည့် ကေဘယ်လ်ကြိုးများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းပြင်ဆင်လိုကြောင်း အကြောင်းကြားထားသော်လည်း တရုတ်ဘက်က ငြင်းဆိုထားဆဲဖြစ်ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews