“ပြင်သစ် သမ္မတ က နိုင်ဂျာနိုင်ငံအတွင်းရှိ ပြင်သစ် သံရုံး၏အမတ်ကြီးအား ဓားစာခံအဖြစ် ထိန်းသိမ်းခံထားရကြောင်း ပြောကြားခဲ့ပြီး ပြင်သစ်နိုင်ငံသည် ၎င်း၏ ကိုလိုနီဟောင်း နိုင်ငံများအကြား ဆက်ဆံရေးများ ကျဆင်းမှုများ ဖြစ်ပွားနေ”

စက်တင်ဘာ ၁၆

အနောက်အာဖရိကတိုက်အတွင်းရှိ အာဏာသိမ်းမှုများဖြစ်ပွားခဲ့သည့် နိုင်ဂျာနိုင်ငံတွင် ပြင်သစ်သံရုံး၏ ပြင်သစ်သံအမတ်ကိုဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ သမ္မတ Emmanuel Macron က ပြီးခဲ့သည့် သောကြာနေ့မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

“ငါတို့ပြောနေတဲ့အတိုင် ငါတို့ရဲ့ သံတမန်တွေနဲ့ သံတမန်အဖွဲ့ဝင်တွေကို ပြင်သစ်သံရုံးမှာ ဓားစာခံအဖြစ်ချုပ်နှောင်ခံထားရပြီး အစားအသောက်တွေ ပို့ဆောင်တာကို လည်း တားမြစ်ထားပါတယ်။ သူတို့ဟာ အခု စစ်ဘက်ဆိုင်ရာ ရိက္ခာတွေကို စားနေကြပါတယ်” လို့ Macronက ပြင်သစ်နိုင်ငံ Burgundy သို့ အလည်အပတ်ရောက်ရှိနေစဉ် သတင်း ထောက်များအား ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ နှင့် ၎င်းတို့၏ ကိုလိုနီဟောင်း ပြုလုပ်ခဲ့သည့် နိုင်ငံများကြား ဆက်ဆံရေး ကျဆင်းလာမှုများဖြစ်ပွားနေပြီး ပြင်သစ်သံ အမတ်ကို နှင်ထုတ်ရန် ပြီးခဲ့သည့် လက နိုင်ဂျာအာဏာရ စစ်အစိုးရက ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းတွင် နိုင်ဂျာ နိုင်ငံအား အာဏာသိမ်းခဲ့သော စစ်တပ် အရာရှိများသည် ပြင်သစ်သံအမတ်အား နှင်ထုတ်ရန် အခွင့်အာဏာမရှိဘူးလို့လည်း ပါရီ(ပြင်သစ်) အစိုးရက ထုတ်ပြန်ပြောကြား ထားတာတွေလည်းရှိနေပါတယ်။