
(နိုင်ငံတကာသတင်းဆောင်းပါး) မတ် ၂၄
(နေဇင်လတ်)
အမေရိကန်ရဲ့ မွန်းတည့်ချိန်က ၁၉၈၀ ကာလများပါ။ ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်ပိုင်း Unipolar ကမ္ဘာကြီးမှာ ထင်ရာစိုင်းခဲ့လို့ အမေရိကန်ဟာတဖြည်း ဖြည်းကျဆင်းခဲ့တယ်။မကျေနပ်တိုင်း Sanction သုံးခဲ့လို့ ကိုယ်လည်း နည်းနည်းချင်းပြန်နာလာခဲ့ရာမှာ Sarction များတော့ အမေရိကန်လည်း များများနာခဲ့ရတယ်။ တစ်ကမ္ဘာလုံး နိုင်ငံတစ်ဝက်လောက်ဟာ အမေရိကန် Sanction နဲ့မလွတ်ခဲ့ဘူး။ Sunction ပေါင်း “ထောင်ချီ” အသုံးပြုခဲ့တယ်။ အမေရိကန်လည်းဒဏ်ထောင်ချီရခဲ့တယ်ပေါ့။
အမေရိကန်မှာ ပြိုင်ဘက်ကြီး သုံးဦးပေါ်လာတယ်။ စစ်ရေးမှာ ရုရှား၊ စီးပွားရေးမှာ တရုတ်နဲ့ဒေသတွင်းသြဇာထူထောင်မှုအရရော၊ ဘာသာရေးအရရော အီရန်ဆိုပြီးဖြစ်လာတယ်။ ဘိုင်ဒင့် လက်ထက်မှာ စစ်ရေးက ပိုအရေးကြီးတယ်လို့ယူဆပြီး ယူကရိမ်းစစ်နဲ့ရုရှားကို ထိပ်တိုက်တွေ့ခဲ့တယ်။ မအောင်မြင်လိုက်ဘူး။ ဘိုင်ဒင့်သက်တမ်းကုန်ပြီး ထရမ့်သက်တမ်းအထိယူကရိမ်းစစ်မပြီးသေးဘူး။ အမေရိကန်ရှုံးတယ်။
ထရမ့်လက်ထက်ကျပြန်တော့ တရုတ်ကို အခွန်တိုးပြီးတိုက်တယ်။ တရုတ်က မြေရှားနဲ့ပြန်ကိုင်တယ်။ လိပ်ခဲတည်းလည်း အဖြေမပေါ်နိုင်သေးဘူး။ဒီကြားထဲမှာ အီရန်က အနုမြူပိုင်ဆိုင်လာနီးတော့ အီရန်ဘက်စစ်လှည့်ရတယ်။ ၂၀၂၅ မှာ ၁၂ ရက်ကြာ အီရန်ကိုစစ်ပြုတယ်။ သန့်စင်ပြီးယူရေနီယံတွေကိုမဖျက်ဆီးနိုင်ခဲ့။ ၂၀၂၆ မှာ အီရန်နျုပိုင်တော့မယ်ဆိုတဲ့ သတင်းထပ်ကြီးထွားလာတယ်။ အီရန်နျူမပိုင်ရေးက အစ္စရေးရော၊ အမေရိကန်ရောရဲ့ ထိပ်တန်းအာဂျင်ဒါထဲမှာ ပါလေနေတော့ အီရန်စစ်ဖြစ်လာရတော့တာပါပဲ။ပြောရရင်တော့ အမေရိကန်အတွက် စိုးရိမ်စရာမရှိပေမယ့်အစ္စရေးအတွက်ကတော့ မဟာစိန်ခေါ်မှုကြီး ဖြစ်လာတော့တယ်။
အီရန်စစ်ထဲမှာ လက်ကုန်မပါဖို့ ထရန့်ကိုဝိုင်းတားကြပေမယ့် ထရမ့်ဝင်ပါခဲ့တယ်။ ကျေးဇူးခံ ကျေးဇူးစားရှိထားခဲ့သကိုး။ ထရမ့်သမ္မတဖြစ်ဖို့ အစ္စရေးနဲ့ ပင်လယ် ကွေ့သုံးနိုင်ငံက ဒေါ်လာဘီလီယံချီအကူ အညီပေးခဲ့လေတော့ အဲ့ဒီကျေးဇူးပြန်ဆပ်ရဖို့ဖြစ်လာရတယ်လို့ပဲ ပြောရမလားမဆိုနိုင်။
ဖလံမျိုးမို့ တားမရပါ
အီရန်အနုမြူမပိုင်စေလိုတာကို လက်ခံကြတယ်။ စစ်ကို Hit and Run War မျိုးပဲလုပ်စေချင်ကြတယ်။ စစ်ထဲကို လက်မလျှိုစေချင်ကြဘူး။ ပင်တဂွန်အပါ အဝင် ထရမ့်ရဲ့ထိပ်သီးအကြံပေးတွေ တားကြတယ်။ထရမ့်ရဲ့ထိပ်တန်းအကြံပေး Witkoll နဲ့ သမက်ဖြစ်သူ Jured Kuswer တို့ အီရန်ကိုယ်စား လှယ်နဲ့ ဆွေးနွေးပြီးစစ်ကိုတားနိုင်မယ့်အခြေအနေကိုရကာမှ နေတန်ယာဟု ဖုန်းဝင်လာပြီး အခြေအနေတွေ အားလုံးပြောင်း၊ရုတ်တရက်စစ်ထဖြစ်လိုက်ရတာပါ။ Witkoff Gep Jared Kushner တို့တောင်အံ့သြသွားကြရတယ်လို့ဆိုတယ်။
လူသိများကျော်ကြားလှတဲ့ ပညာရှင်နှစ်ဦးကလည်းတားကြပါသေးတယ်။ တစ်ဦးက ပါမောက္ခ Jelliey Sachs a သူက ကိုလံဘီယာတက္ကသိုလ်ကပါမောက္ခလည်းဖြစ်၊ ဘောဂဗေဒပညာရှင်၊ သမိုင်းပညာရှင်၊ ကိုယ်တိုင် ဘီလီယံနာ၊ ကမ္ဘာ့ရေးရာတွေ အားလုံးကို ခြုံငုံသိသူအဖြစ် ကျော်ကြားတယ်။သူ့အသံကို အလေးထားကြရတယ်။
နောက်တစ်ဦးကလည်း Ray Dilioဆိုတဲ့ ဘီလီယံနာကြီး၊ ကမ္ဘာ့အကြီးဆုံးတွေထဲက တစ်ခုဖြစ်တဲ့ Bridgewater Associates Hedge Fund ကို တည် ထောင်သူ၊ သီအိုရီတွေကို စာအုပ်ရေးသားခဲ့သူ၊ အင်ပါယာတွေအကြောင်း ခရေစေ့တွင်းကျ ရေးခဲ့သူ။ သူ့စကားကိုလည်း ကမ္ဘာကြီးကသတိထားလိုက်နာရသူဖြစ်ပါတယ်။
ပင်တဂွန်ကရော ပညာရှင်ကြီးနှစ်ဦးအပါ အခြားကျွမ်းကျင်ကြသူတွေကပါ တားဆီးခဲ့ကြပေမယ့် ထရမ့်က ပယ်ချခဲ့တယ်။ ပညာရှင်ကြီးတွေက အမေရိကန်ကိုယ်တိုင် စစ်ထဲဝင်ဖို့အထိမလိုအပ်ဘူး၊ အမေရိကန်ကိုလည်း အီရန်ကဒုက္ခပေးလို့ မရဘူး၊ အစ္စရေးအတွက် အမေရိကန်ဟာ အငှားဗိုက်နဲ့ဓားထိုးခံဖို့မဖြစ်သင့်ဘူး စသဖြင့်ဆော်သြခဲ့တယ်။ Jeffrey Sachs ရော၊ Ray alioရောကပါ အမေရိကန်အနေနဲ့ စစ်ထဲဝင်ပါလိုက်တာဟာ အမေရိကန်ရဲ့ နိဂုံးပိုမြန်လာဖို့ဖြစ်လိမ့်မယ်။ ပြီးတော့ အီရန်စစ်ထဲ အမေရိကန်ဝင်ပါ လိုက်တာဟာ နေတန်ယာဟုကို အရောင်တင်ပေးလိုက်ပြီး ထရမ့်သက် တမ်းကုန်ဆုံးဖို့ ဖြစ်စေလိမ့်မယ်ဆိုတဲ့အထိ ပြတ်ပြတ်သားသားဝေဖန်ခဲ့တယ်။
ဗီယက်နမ်စစ်ထက်ပိုဆိုးမယ်
အမေရိကန်ဟာ ဗီယက်နမ်စစ်မှာ ပုံရိပ်ကျဆင်းခဲ့ပြီးစစ်ရှုံးခဲ့တယ်။ အမေရိကန်တပ်သားတွေ ထောင်ချီသေဆုံးခဲ့တယ်။ ဆယ်နှစ်ကျော်မွစာကြဲအောင် လူမဆန်စွာ ဗုံးကြဲခဲ့ပေမယ့်နောက်ဆုံးခါးသီးတဲ့ သမိုင်း ကြောင်းကိုပဲချန်ထားခဲ့ ရတော့တယ်။
အီရန်စစ်က ဗီယက်နမ်စစ်ထက် ပိုဆိုးလိမ့်မယ်။ ပထဝီအနေအထားအရ စစ်နိုင်ဖို့မပြောနဲ့ စစ်ရှေ့တိုးဖို့တောင်မလွယ်ဘူး။ အမေရိကန်စစ်သည်တွေရဲ့ စစ်သင်္ချိုင်းကြီးဖြစ်သွားလိမ့်မယ်။ သမိုင်းမှာ ဖျောက်မရတဲ့အမည်းစက်ကြီး ဖြစ်လိမ့်မယ်လို့ ဝိုင်းတားကြတယ်။
ထရမ့်ကခေါင်းမာတယ်။ ရာဇာ့မာန်ကြီးလွန်းတယ်။ အီရန် ခေါင်းဆောင်တွေ ငါးဆယ်လောက် ရှင်းလင်းပြီးတာတောင် အစိုးရကပြိုမကျနိုင်သေးတော့ မြေပြင်ထိုးစစ်ဆင်ဖို့ ထရမ့်ကစီစဉ်ပါတော့တယ်။ ဗင်နီဇွဲလားမှာအောင်မြင်ခဲ့တဲ့ Delta Force ၂ဝ,ဝဝဝ လောက်နဲ့ မြေပြင်ထိုးစစ်လုပ်ဖို့စီစဉ်ခဲ့တာပါ။ နောက်ဆုံးမှာတော့ မရမက တားကြလို့လား မသိပါ။ အမေရိကန်တပ်တွေကိုဘယ်မှာမှ နေရာချမထားတော့ပါဘူးလို့ ထရမ့်ကိုယ်တိုင်ပြောမှ သက်ပြင်းချနိုင်ကြပါတော့တယ်။ ဒါတောင်မှ စိတ်ပြောင်းလွယ်တဲ့ထရမ့်ကိုဘယ်သူမှ တထစ်ချမယုံရဲကြသေးပါ။
အမေရိကန်ခေတ် နိဂုံးရောက်ပြီလား
ပညာရှင်တွေက လမ်းနှစ်ခုကို နှိုင်းယှဉ်ပြကြတယ်။ ပထမလမ်းက တရုတ်ကို ပုံမှန်အတိုင်း ယှဉ် ပြိုင်ပြီး တဖြည်းဖြည်းကျဆင်းသွားတဲ့လမ်း၊ ဒီလမ်းက အန္တရာယ်ကင်းတယ်။ အချိန်နည်းနည်းပိုကြာမယ်။ သဘာဝရဲ့ အတက်အကျကိုတော့ လွန်ဆန်လို့မရဘူး။ ဒုတိယလမ်းက တရုတ်ကိုနေရာမပေးချင်လို့ တိုက် ခိုက်တဲ့လမ်း၊အနိုင်ရဖို့ မသေချာဘူး။ ဒဏ် ရာများစွာရပြီးအကျမြန်လိမ့်မယ်။ ဒါကြောင့် ပထမလမ်းကိုပဲ ရွေးသင့်တယ်လို့ အကြံပြုကြတယ်။ဒါပေမဲ့ ထရမ့်က ရာဇမာန်အပြည့်ရှိသူ ဖြစ်လေတော့ တရုတ်ကို တိုက်ကြည့်ချင်တယ်။ Tri Wirနဲ့လည်းတိုက်ခဲ့သေးတယ်။ တရုတ်ကိုဒဏ်ရာပေးနိုင်တာထက် အမေရိကန်ဘက်က ဒဏ်ရာရတာက ပိုများနေတာတွေ့ရတယ်။
တရုတ်ရဲ့ အားနည်းချက်က ရေနံကို ပြင်ပကအများကြီးသွင်းနေရတာပဲ။ အဲ့ဒီသွေးကြောကိုဖြတ်နိုင်ရင် တရုတ်စီးပွားရေးကို အင်အားချည့်နဲ့အောင်လုပ်လို့ရပြီ။ ဒါကြောင့် တရုတ်ကိုရေနံတွေရောင်းပေးနေတဲ့ ဗင်နီဇွဲလားကို မူးယစ်စစ်ခေါင်းစဉ်တပ်ပြီး သမ္မတမာဒူရိုကို ဝင်ဖမ်းလိုက်တယ်။ ပြီးတော့ ရေနံကိုချုပ်ကိုင်လိုက်တယ်။ ဒီပွဲမှာပြတ်ပြတ်သားသားတရုတ်ရှုံးပြီး အမေရိကန်ကနိုင်သွားတယ်။ နိုင်ကြက်စိတ်ဓာတ်နဲ့ နောက်တစ်ပွဲကို ထရမ့်ကထပ်နွှဲတယ်။ ဒီပွဲက အီရန်စစ်။ လျော့တွက်လိုက်တဲ့ အမေရိကန်ဟာ အီရန်စစ်မှာ ထင်သလိုဖြစ်မလာခဲ့တော့ဘူး။ စစ်နွံထဲ ခြေတစ်ဖက် နစ်သွားတော့တယ်။
နေတန်ယာဟုရဲ့ သေမင်း ထောင်ချောက်
ကမ္ဘာကျော် Financial Times က ဘာရေးထားလဲဆိုတော့”အမေရိကန်ရဲ့ စီးပွားစစ်နဲ့လွှမ်းမိုးထားတဲ့ခေတ် ကုန်ဆုံးသွားပြီ”။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဉာဏ်ကြီးရှင်၊ သူရွှေသွားတဲ့ အကွက်တွေက ရွှေမှန်းမသိလိုက်ရဘူး။ အမေရိကန်ကိုတောင် ခါးညွတ် အရိုအသေပေးပြီး စစ်တုရင်ခုံပေါ်က အရုပ်လေးလို ငြင်ငြင်သာသာလေး ရွှေ့သွားခဲ့တာတွေ့ရတယ်။
အီရန်စစ်အစမှာ ထရမ့်ကို မရအရ ဝင်ပါအောင်စည်းရုံးနိုင်ခဲ့တယ်။ အီရန်က အမေရိကန်ပါလာရင် အရှေ့အလယ်ပိုင်းက အမေရိကန်စစ်စခန်းတွေကို တိုက်မယ်လို့ ပြောထားလေတော့ ပင်လယ်ကွေ့ဒေသကြီးတစ်ခုလုံး စစ်မီးဟုန်းဟုန်းတောက်အောင်အစပျိုးမှာ အမေရိကန်ပါဖို့လိုတယ်။ အစ္စရေးချည်း သက် သက်တိုက်ရင် အီရန်က အစ္စရေးကိုပဲ စုပုံပစ်မှာ။ အမေရိကန်ပါလာတော့ ပင်လယ်ကွေ့ ဆယ်နိုင်ငံကို အီရန်ကပစ်ပြီပေါ့ ။ ဒီတော့မှ အစ္စရေးက ငြင်ငြင်သာသာ သူလိုချင်တဲ့အကွက်ကို ထပ်ရွှေ့လိုက်တယ်။ ဒါကတော့ အီရန်ရဲ့စစ်ရေးပစ်မှတ်ထက် ပိုပြီးအခြေခံအဆောက်အဦကို အစ္စရေးကတိုက်တာ။
အီရန်ရဲ့ Kharg ကျွန်းက ရေနံချက်စက်ရုံကအကြီးစားကြီး။ အမေရိကန်ကို“ထောင်”ပေးပြီး Khirg ကျွန်းက လုံခြုံရေးစစ်ဘက်ပစ်မှတ်တွေကိုဗုံးကြဲခိုင်းလိုက်တယ်။ ပြီးတော့ ရူးချင်ဟန်ဆောင်ပြီး ရေနံချက်စက်ရုံကြီးကို အစ္စရေးက ဝင်ဗုံးကြဲလိုက်တော့ အီရန်ရဲ့ ဒေါသကမြင့်မိုရ်တောင်အထိ ထောင်တက်သွားပါလေရော။ ကာတာက ကမ္ဘာ့အကြီးဆုံး LNG စက်ရုံ၊ ဆော်ဒီက ကမ္ဘာ့အကြီးဆုံး ရေနံချက်စက်ရုံတွေကို အီရန်ကပြန်တိုက်တာမှာကြီးကြီးမားမား ပျက်စီးသွားခဲ့တယ်။ ကာတာက စက်ရုံကြီးဆိုရင် $ 26 Billionတန်ဖိုးရှိပြီး 20 Billionဖိုးပျက်စီးသွားခဲ့တယ်။ ပြန်ပြင်ရင်တောင်မှ သုံးနှစ်ကနေ ငါးနှစ်နှစ်ကြာမယ်တဲ့။ ကမ္ဘာ့ရေနံက $ 102 ကနေ $ 112 အထိခုန်တက်သွားပြီး LNGလည်းရာခိုင် နှုန်း၂၀၀ ထိဈေးခုန်တက်သွားခဲ့တယ်။ အီရန် ဘက်ကလည်း သူ့ရှင်သန်နိုင်ရေးအတွက် စွမ်းအင်းအခြေခံအဆောက်အဦတွေကို စစ်မြေပြင်အဖြစ် တိုက်ရတဲ့အဆင့်ကို အလိုလိုရောက်သွားရပါတော့တယ်။ RT News ကဆိုရင် နေတန်ယာဟုဟာ ပင်လယ်ကွေ့နိုင်ငံတွေကို စစ်မီးကွင်းဆက်အဖြစ်ဖန်တီးသွားနိုင်ခဲ့ပြီးလို့ရေးလာတယ်။
အမေရိကန် ၂၅နှစ်၊ အစ္စရေး ရက် ၂ဝ
ရေနံထွက်တဲ့ အရှေ့အလယ်ပိုင်းဒေသဟာ တစ်ချိန်ချိန်မှာ အမေရိကန်ကို ခြိမ်းခြောက်လာနိုင်တယ်လို့ သတ်မှတ်ထားတယ်။ ဒါကြောင့် Bush လက်ထက် ၂၀၀၁မှာအာဖဂန်ကစခဲ့ပြီး အရှေ့အလယ်ပိုင်းဆီစစ်မီးကူးစေခဲ့တဲ့ အမေရိကန်ဟာ နှစ်ပေါင်း ၂၅နှစ် အချိန်ယူခဲ့ပြီးငါး- ခြောက် နိုင်ငံလောက်ကိုပဲဖျက်ဆီးနိုင်ခဲ့တယ်။ နေတန်ယာဟုကအီရန်စစ်ပွဲစပြီး ရက် ၂ဝ အကြာမှာ ပင်လယ်ကွေ့ ၁ဝ နိုင်ငံကို ခဏတည်းနဲ့ မီးဟုန်းဟုန်းတောက်စေခဲ့တာကို တွေ့ရတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ လက်တစ်ဆုပ်စာ အစ္စရေးကို သန်း ၂၀၀ကျော်ရှိတဲ့ အာရပ်နိုင်ငံတွေကဝိုင်းထားတာပါ။ ရေနံထွက်ကြလို့ပိုချမ်းသာလေ အစ္စရေးက အလိုလိုအားနည်းလာလေဖြစ်ရတယ်။ အီရန်ကိုဗဟိုပြုပြီး ဖန်တီးလိုက်တဲ့ စစ်မှာပင်လယ်ကွေ့ နိုင်ငံတွေစစ်ထဲ အကုန်ပါသွားခဲ့လေပြီ။ အမေရိကန်လည်း ခြေတစ်ဖက် နွံနစ်တာထက်ပိုသွားခဲ့လေပြီ။ စစ်ပြန်နုတ်ဖို့ ခက်ခဲသွားခဲ့လေပြီ။ ဆီးရီးယား ပြည် တွင်းစစ်ဖြစ်ပြီး HTS အစိုးရဖြစ်တဲ့ စပ်ကူးမပ်ကူးကာလမှာ အစ္စရေးကနယ်မြေချဲ့နိုင်ခဲ့တယ်။ အခုလည်းအမြတ်ထုတ်နိုင်တဲ့ အခွင့်အရေးတွေက အလျှိုလျှိုပေါ်လာပြီ။ Greater Israel အိပ်မက် ပိုနီးစပ်လာခဲ့ပြီ။
ဒီစစ်ကအီရန်လည်းကြေ၊ ပင်လယ်ကွေ့နိုင်ငံတွေလည်း ကြေစေတဲ့စစ်ပါ။ အစ္စရေးလည်း ဒဏ်ရာမလွတ်ပါဘူး။ ဒါပေမဲ့ အစ္စရေးအတွက်အမြတ်အလွန်ကြီးတဲ့စစ်ပါ။ သူတစ်ပြန်ကိုယ်တစ်ပြန် လက်ညှိုးထိုးကြရင်းနောက်ဆုံးအကောင်အကြီးဆုံးဖြစ်တဲ့ အမေရိကန်ကပဲ သမိုင်းတရားခံဖြစ် ကျန်စေပြန်ပါလိမ့်မယ်။နေတန်ယာဟုရဲ့ သွေးဆောင်မှုမှာ မဆင်မခြင်ပါလာမိတဲ့ ထရမ့်ဟာ အငှားဗိုက်နဲ့ အချက်များစွာ အထိုးခံလိုက်ရပါပြီ။
ဉာဏ်ကစားပွဲ (Brain game)
နှောင်းအမေရိကန်သမ္မတတွေရဲ့ စွမ်းရည်က အတော်အားမရစရာ ဖြစ်လာတယ်။ ရူးရူးမိုက်မိုက် လုပ်ရဲတာ ထရမ့် လောက်ပဲရှိတော့တယ်။ ဒါကြောင့်ထရမ့်သမ္မတပြန်ဖြစ်ရေးကို နေတန်ယာဟုက ပင်လယ်ကွေ့သုံးနိုင်ငံက ငွေဘီလီယံများစွာသုံး၊ အစ္စရေးက နည်းပညာထည့်ပြီး ရွေးကောက်ပွဲမှာ ထရမ့် သမ္မတပြန်ဖြစ်အောင်လုပ်ပေးခဲ့တယ်။ အဲ့ဒီကျေးဇူးကို အီရန်စစ်မှာ နေတန်ယာဟုက တန်တန်ရာရာ အသုံး ချလိုက်တာပဲ။
ကမ္ဘာမှာ အမေရိကန်က နိုင်ငံများစွာရဲ့ အစိုးရတွေကို သူတို့ကြိုက်သလို ဇာတ်ညွှန်းရေးတင်ပေးခဲ့ကြတယ်။ အခု အဲ့ဒီဆရာကြီး အမေရိကန်ကို နိုင်ငံသေးသေးလေးရဲ့ ပဲ့ကိုင်ရှင်နေတန်ယာဟုက ထရမ့်ကို သမ္မတတင်ပြီး ရုပ်သေးအဖြစ် ပြန်ကစားပြသွားနိုင်တာဟာ အကယ်ဒမီ ရှော့ပါပဲ။
အီရန်စစ်မှာ အီရန်၊ အမေရိကန်တစ်ယောက် တစ်ပြန်စီ လက်ညှိုးထိုးပြီး လက်နက်စစ်ပြီးတာနဲ့ အပြစ်ဖို့စစ် Blame Game ကသမိုင်းမှာ ဒီဘိတ်ဖြစ်ကျန်ခဲ့ရ ပါလိမ့်ဦးမယ်။ နေတန်ယာဟုကတော့ ဉာဏ်ကစားပွဲ Brain Gameကို လှလှပပသူ့ နိုင်ငံအကျိုးအတွက်ကစားပြီးအမြတ် ကြီးကြီးထုတ်နိုင်သွားခဲ့ပြီ။
ကျန်တာကတော့ ဗိုက်ကောင်းလို့ ဓားထိုးခံရတာ အမေရိကန်ရဲ့ ကိစ္စတစ်ခုသာပါ။ အမေရိကန်ရဲ့ အကြွေးက 39 Trillion ဖြစ်သွားပြီ။ စစ်ဆက်တိုက်နိုင်အောင်လို့ လွှတ်တော်ကနေ အရေးပေါ်ဘတ်ဂျက် $ 20 billion ကို ထရမ့် တောင်းခံနေရပါပြီ။ ဒီပမာဏလောက် တောင်းခံရပြီဆိုတော့ အမေရိကန်စစ် နွံနစ်သွားပြီလို့ အကဲဖြတ်လို့ရပါလိမ့်မယ်။ နေတန်ယာဟုရဲ့ Brain Game အောက်မှာ အမေရိကန်ရဲ့ နိဂုံးပိုင်းကို ပိုပြီးထင်ထင်ရှားရှားတွေ့လာရပါပြီ။
#USIranWar #Geopolitics #TrumpRhetoric #WorldOrder #EconomicWar #MiddleEastConflict #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN