(ပြည်တွင်း) မတ် ၁၄
အကြမ်းဖက် PDF အဖွဲ့ထဲကို အကြမ်းဖက်ရဲဘော်တစ်ဦးအဖြစ် CDM ပြုလုပ်ကာ ဘက်ပြောင်းခိုလှုံသွားတဲ့ မြန်မာနိုင်ငံ ရဲဝန်းတစ်ဦးမှာ တပ်မေတော်ဘက်ကို ပြန်လည်အဝင်ရောက်သွားပြီလို့ သိရပါတယ်။

တပ်မတော်ဆီကို ပြန်လည်အလင်းဝင်ရောက်သွားသူမှာ အသက် ၂၀ ကျော်အရွယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ဝဏ္ဏအောင် ဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့ကနေ CDM ပြုလုပ်ကာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က အကြမ်းဖက် PDF စခန်းတစ်ခုမှာ သုံးနှစ်ခန့်ကြာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်လို့ ဂန့်ဂေါမြို့နယ် PDF အကြမ်းဖက်အဖွဲ့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဂန့်ဂေါမြို့နယ် ပြစ်မကျေးရွာဇာတိသားဖြစ်တဲ့ ဝဏ္ဏအောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က မင်းရွာရဲကင်းစခန်းကနေ CDM ပြုလုပ်ကာ အကြမ်းဖက် PDF အဖွဲ့ထဲကို ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဝဏ္ဏအောင်မှာ မိမိရဲ့ PDF အဖွဲ့ဆီက ကျည်တွေကိုခိုးယူကာ တစ်ခြားအဖွဲ့တွေကို ရောင်းချနေတာကြောင့် ကျည်ခိုးရောင်းချမှုနဲ့ ဖမ်းချုပ်ထားတာစဉ်မှာ အချုပ်ဖောက်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အချုပ်ခန်းဖောက်ကာ ထွက်ပြေးလွတ်မြောက်တဲ့ ရဲတပ်သား ဝဏ္ဏအောင်ဟာ ဂန့်ဂေါအခြေစိုက် မြန်မာ့တပ်မတော်ရဲ့ ခလရ ၅၀ တပ်ရင်းဆီမှာ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က ပြန်လည်အလင်းဝင်ရောက်သွားတာ ဖြစ်တယ်လို့ ဂန့်ဂေါ PDF အဖွဲ့က ဆိုပါတယ်။
အဲဒီနောက် နောက်တစ်နေ့ မတ်လ ၁၃ ရက်နေ့မှာ ဝဏ္ဏအောင်ရဲ့ မိဘတွေကို ပြစ်မကျေးရွာကနေ တပ်မတော်ဘက်က ခေါ်ထုတ်သွားတယ်လို့လည်း သိရပါတယ်။
ဝဏ္ဏအောင်ဟာ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ အတွင်းရေးတွေနဲ့ လှုပ်ရှားမှုတွေ၊ နယ်မြေတွေနဲ့ ဆက်စပ်သူတွေကို သိရှိထားသူဖြစ်တာကြောင့် လုံခြုံရေး အထူးသတိပြုကြဖို့လည်း ဂန့်ဂေါ PDF အဖွဲ့က သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း ဂန့်ဂေါခရိုင် အမှတ် ၁၄ တပ်ရင်းက PDF အကြမ်းဖက်လူငယ်
တစ်ဦးမှဋ လက်နက်တွေနဲ့အတူ ခလရ ၅၀ တပ်ရင်းကို ထွက်ပြေးပြီး အလင်းဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခူလည်း ဖြစ်ပွါးခ့ပါတယ်။
#PAN