(နိုင်ငံတကာ)မတ် ၇
ဆန်ဖရန်စစ္စကိုမြို့ရဲ့ Tenderloin နယ်မြေမှာ မြို့တော်ဝန်သစ် ဒန်နီရယ် လူရီ (Daniel Lurie) လမ်း လျှောက်စစ်ဆေးနေစဉ် အမည်မသိ အမျိုးသားနှစ်ဦးက မြို့တော်ဝန်ရဲ့ လုံခြုံရေးအဖွဲ့ (Police detail) ကို ရုတ်တရက် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မြို့တော်ဝန် လူရီဟာ သူ့ရဲ့သက်တော်စောင့် အတိုက်ခံနေရတာကို ကြည့်ပြီး အေးအေးဆေးဆေးပဲ လမ်း လျှောက်ထွက်ခွာသွားတာ (Calmly walked away) ကို ဗီဒီယိုမှတ်တမ်းတွေမှာ မြင်တွေ့ရပါတယ်။
မြို့တော်ဝန်ရဲ့ လုံခြုံရေးရဲအရာရှိတစ်ဦးဟာ ခေါင်းနောက်စိမှာ ဒဏ်ရာရရှိခဲ့ပြီး သွေးထွက်သံယိုဖြစ်ခဲ့ပါတယ်။ သူ့ကို ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရပါတယ်။
တိုက်ခိုက်မှုကျူးလွန်သူ အမျိုးသားနှစ်ဦးကိုတော့ ရဲတပ်ဖွဲ့က ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။

လူမှုကွန်ရက်မှာတော့ “ကိုယ့်ကို ကာကွယ်ပေးနေတဲ့သူ အတိုက်ခံနေရတာကို ဘာမှမဖြစ်သလို ထားခဲ့တယ်” ဆိုပြီး မြို့တော်ဝန်ရဲ့ ခေါင်းဆောင်မှုနဲ့ စာနာ စိတ်အပေါ် မေးခွန်းထုတ်နေကြပါတယ်။
မြို့တော်ဝန်ရုံးဘက်ကတော့ “လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း (Protocol)” အရ တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ အကာကွယ်ပေးရမယ့် ပုဂ္ဂိုလ် (VIP) ကို အခင်း ဖြစ်နေရာကနေ အမြန်ဆုံး ဖယ်ရှားပေးရတာဖြစ်လို့ မြို့တော်ဝန်က လမ်းလျှောက်ထွက်သွားတာဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။
ဆန်ဖရန်စစ္စကိုမှာ ရာဇဝတ်မှုတွေ များပြားနေတာကို နှိမ်နင်းမယ်လို့ ကတိပေးပြီး တက်လာတဲ့ မြို့တော် ဝန်ကိုယ်တိုင် အခုလို တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတာက မြို့ရဲ့လုံခြုံရေး စိန်ခေါ်မှုကို မီးမောင်းထိုးပြနေပါတယ်။
Telegram»…
https://t.me/positiveanglenews
#PAN