
(မှုခင်း) မတ် ၄
အကြမ်းဖက်သမားများ၏ လုပ်ရပ်ကြောင့် မတ်လ ၁ရက်နေ့ ည၈နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်ရှိ လူနေအိမ် တစ်လုံးမီးရှို့ပျက်စီးခဲ့ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ခက်လန်းကျင်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦးမှ ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဖိုးထောင်(၅၀)နှစ်၏ နေအိမ်အား ဓာတ်ဆီလောင်း၍ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ််ကြောင့် သွပ်မိုး၊ အုတ်ကာ နှစ်ထပ် နေအိမ်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရဆ္ဆာန်ထိခိုက်မှုမရှိကြောင်း၊ ဖြစ်စဉ်အား တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။
PDFအကြမ်းဖက်များသည် အလားတူဖြစ်စဉ်များအား မြန်မာနိုင်ငံအနှံ့အပြားတွင် ပြုလုပ်လျက်ရှိပြီး ပြစ်မဲ့ပြည်သူများအားအကြောင်းမဲ့သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှုများပြုလုပ်လျက်ရှိကြောင်းလည်း တွေ့ရှိရသည်။