လက်ဘနွန်တွင် အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူအများအပြားသေဆုံး

(နိုင်ငံတကာ) မတ် ၄

အစ္စရေးနိုင်ငံဟာ လက်ဘနွန်နိုင်ငံ အရှေ့ပိုင်းကအဆောက်အအုံတွေကို မတ်လ ၄ ရက် မနက်အစောပိုင်းက တိုက်ခိုက်ခဲ့ရာ လူအများအပြားသေဆုံးခဲ့တယ်လို့ Times of India သတင်းက ဖော်ပြထားပါတယ်။

အစ္စရေးစစ်တပ်ရဲ့တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးတွေအောက်ကနေ ပြည်သူတွေကို ဆွဲထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အစ္စရေးကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်ပြီးနောက် လက်ဘနွန်-အစ္စရေးနယ်စပ်တစ်လျှောက် တိုက်ပွဲတွေ ပြင်းထန်လာမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့လဲ သိရပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ တိုက်ခိုက်မှုအပြီး အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့ဟာ ရော့ကက်တွေ ပစ်လွှတ်ခဲ့သလို အစ္စရေးကလည်း လက်ဘနွန်တစ်လွှား လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး တောင်ပိုင်းကို တပ်တွေ စေလွှတ်ခဲ့တယ်လို့သိရပါတယ်။