တာချီလိတ်မြို့တွင် စက်သုံးဆီများ အလွယ်တကူဝယ်ယူ၍ မရသဖြင့် ‌ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားနေ

(ပြည်တွင်း) မတ် ၃

ရှမ်းပြည်နယ်တာချီလိတ်မြို့တွင် စက်သုံးဆီများ အလွယ်တကူဝယ်ယူ၍ မရသဖြင့် ‌ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားနေကြောင်းသိရသည်။

ပြည်ပတွင်ဖြစ်ပွားနေသည့်စစ်ပွဲများကြောင့် မတ်လ ၂ရက်နေ့ နံနက်ပိုင်းမှစ၍ ထိုင်းနိုင်ငံမှတဆင့်မှာယူထားသည့်စက်သုံးဆီများအား မြန်မာဖက်သို့ပေးပို့မှုများရပ်တန့်တော့မည် ဖြစ်ကြောင်းသိရသည်။

စက်သုံးဆီများ အလွယ်တကူတင်သွင်းမှုမရနိုင်သောကြောင့် ဆီပန့်များ၌တွင်ဆီထည့်ရာတွင် အလွယ်တကူဆီထည့်မရခြင်း၊ဆီ၀ယ်သူများ များပြားလာသဖြင့် ဆီဆိုင်များမှအကန့်အသတ်နှင့် ရောင်းချပေးနေရခြင်းတို့ကြောင့် ယာဥ်‌ေကြာပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

#PAN