
(မှုခင်း) မတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ နင်းကြမ်းကျေးရွာ၊ ဟင်္သာတ-ဇလွန်ကားလမ်း မိုင်တိုင်အမှတ်(၃/၃)နှင့် (၃/၄)အကြားတွင် ယနေ့နံနက်အစောပိုင်းက ဟင်္သာတမြို့မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသော (အဖြူရောင်)ကုန်တင်ယာဉ်သည် ဇလွန်ဘုရားပွဲမှ အပြန် ဟင်္သာတမြို့သို့ မောင်းနှင်လာသော အိုးဝေ(အစိမ်းရောင်)ယာဉ်အား မျက်နှာချင်ဆိုင် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိမှုဖြစ်ပွားကြောင်း သိရသည်။
ယာဥ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ ဟင်္သာတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် အိုးဝေ(အစိမ်းရောင်)ယာဉ်ပေါ်ပါ ကျား(၆)ဦး အနက် ကျား(၃)ဦး ေ-သဆုံး၊ ကျား(၃)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ (အဖြူရောင်)ကုန်တင်ယာဉ်ပေါ်ပါ် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ )တို့အား ဟင်္သာတခရိုင်ကွန်ယက်လူမှုကူညီရေးအသင်းနှင့် နှလုံးလှလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်ဖြင့် ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။