(ပြည်တွင်း) ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကိုဆက်သွယ်ထားတဲ့ ချင်းတွင်းတံတား(ထမံသီ)ကို ယာယီသမ္မတက ဒီနေ့ဖွင့်လှစ်ပေးလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာအနီးမှာရှိတဲ့ ဒီတံတားဟာ တံတားအရှည် ၂၆၂၈ ပေရှိပြီး
သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ ရေလမ်းကင်းလွတ် အမြင့် ၄၀ ပေရှိတယ်လို့ သိရပါတယ်။

ယခုကဲ့သို့ ချင်းတွင်းတံတား(ထမံသီ)ကိုတည်ဆောက်ဖွင့်လှစ်နိုင်ခဲ့တာကြောင့် ဟုမ္မလင်းခရိုင်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ လူမှုစီးပွားဘဝနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်တွေကို လွယ်ကူလျင်မြန်စွာပို့ဆောင်နိုင်မှာဖြစ်သလို ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍတွေလည်း ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်တယ်လို့ သိရပါတယ်။

ချင်းတွင်းတံတား(ထမံသီ)ကိုတက်ရောက်ဖွင့်လှစ်ပေးတဲ့ နိုင်ငံတော်ယာယီသမ္မတဟာ ဒေသခံ ပြည်သူတွေကို
တွေ့ဆုံပြီး လူမှုစီးပွားအခြေအနေတွေကို မေးမြန်းခဲ့တယ်လို့လည်း သိရပါတယ်။

နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးမြထွန်းဦး၊
ဦးမင်းနောင်၊ ဦးမျိုးသန့်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တို့တက်ရောက်ကြတယ်လို့ သိရပါတယ်။

#PAN