
(ပြည်တွင်း) ဖေဖော်ဝါရီ ၁
ကရင်နီလက်နက်ကိုင်တွေဖြစ်တဲ့ KNPP၊ KNDF အဖွဲ့တွေနဲ့ PDF အကြမ်းဖက်တွေ ထိန်းချုပ်ထားတဲ့ ကယားပြည်နယ်၊ ဖားဆောင်းမြို့တပ်မတော်က ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့မှာ ပြန်လည်ထိန်းချုပ်ပြီးလို့ သိရပါတယ်။

KNPP၊ KNDF အဖွဲ့တွေနဲ့ PDF အကြမ်းဖက်တွေဟာ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကစပြီး အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် မြို့တော် လွိုင်ကော်မြို့အပြင် မြို့နယ်အများအပြားက ဒေသခံပြည်သူတွေဟာ ဒီနေ့အထိ ဘေးလွတ်ရာကို တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ အကြမ်းဖက်တွေ ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို အမြန်ဆုံးပြန်လည်ထိန်းချုပ်နိုင်ဖို့ “ရန်နိုင်မင်း” စစ်ဆင်ရေးအမည်နဲ့ ချေမှုန်းမှုစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့
ဒီးမော့ဆိုမြို့နဲ့ အဲဒီဒေသတစ်ဝိုက်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့က ဆုတ်ခွာထွက်ပြေးသွားတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေဟာ ဖားဆောင်းမြို့ကို ထိန်းချုပ်ကာ မြို့နယ်အတွင်းအဖျက်အမှောင့်လုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် အဆုံးအဖြတ်တိုက်ပွဲအဖြစ် နယ်မြေခံတပ်ရင်းဌာနချုပ်တွေကို ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်နဲ့ ၃၀ ရက်၊ ဇူလိုင်လ ၅ ရက်နဲ့ ၇ ရက်တွေမှာ စုစုပေါင်း တိုက်ပွဲကြီး ၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရန်သူက အင်အားအလုံးအရင်းနဲ့ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ပေမယ့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်တွေ က ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သောင်းကျန်းသူတွေဟာ တပ်ရင်းဌာနချုပ်အား တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ထိခိုက်ကျဆုံးမှုတွေနဲ့ ဆုတ်ခွာထွက်ပြေးခဲ့ရပြီး ဖားဆောင်းမြို့ကိုသာ အဝေးက လက်နက်ကြီးနဲ့ပစ်ခတ်ကာ ယာယီစိုးမိုးထားခဲ့ပြီး အဓိကအမာခံအဖွဲ့တွေက တပ်မတော်စစ်ကူစစ်ကြောင်း အဓိကလာမယ့် နေရာတွေမှာ အဆင့်ဆင့်ပိတ်ဆို့ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်အတွင်း တိုက်ပွဲကြီး/ငယ် ၈ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူတွေဆီကနေ အလောင်း ၆ လောင်း၊ လက်နက်မျိုးစုံ ၁၁ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်အနေနဲ့ ဖားဆောင်းမြို့နဲ့အဲဒီဒေသတစ်ဝိုက်ကို ပြန်လည်ထိန်းချုပ်နိုင်ရေး လိုအပ်တဲ့ ပြင်ဆင်စုဖွဲ့မှုတွေဆောင်ရွက်ပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်မှကပြီး ဘောလခဲ-ထူးချောင်း-ဖားဆောင်း ဆက်သွယ်ရေးလမ်းကြောင်းရဲ့ အနောက်ဘက်ခြမ်းက စတင်ပြီး အဆင့်ဆင့်ခြေကုပ်ယူကာ နယ်မြေရှင်းလင်းခဲ့တာကြောင့် အကြမ်းဖက်သောင်းကျန်းသူတွေ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ ထူးချောင်းတံတား နေရာတစ်ဝိုက်ကို နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပထမဆုံး ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကို စစ်နည်းဗျူဟာမြောက် စစ်ကြောင်းတွေခွဲကာ တစ်ဆင့်ပြီးတစ်ဆင့်တိုက်ခိုက်ချေမှုန်းခဲ့တာကြောင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ အမာခံကျေးရွာကြီးတွေဖြစ်တဲ့ နမ့်ကစ်ကျေးရွာနဲ့ ပါပုကျေးရွာတို့ကို ခက်ခက်ခဲခဲတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီကတဆင့် ဖားဆောင်းမြို့ကို ဆက်လက်ရှင်းလင်းချီတက်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် ယနေ့မှာ ဖားဆောင်းမြို့ကိုတပ်မတော်စစ်ကြောင်းတွေက အပြီးတိုင် ပြန်လည်သိမ်းပိုက်ထိန်း ချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဖားဆောင်းမြို့နဲ့ အဲဒီဒေသကို ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူတွေနဲ့တိုက်ပွဲကြီး/ငယ် ၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ လက်နက်မျိုးစုံ ၁၇ လက်၊ အကြမ်းဖက်သမားရုပ်အလောင်းတွေ အကြမ်းဖက်လုပ်ငန်းတွေလုပ်ဆောင်ရာမှာ အသုံးပြုတဲ့ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး အချို့ ထိခိုက်/ဒဏ်ရာ
ရရှိခဲ့တယ်လို့ သိရပါတယ်။
#PAN