ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရှေ့ယာဥ်အား နောက်ယာဥ်မှ ဝင်တိုက်မှု ဖြစ်ပွားရာ ၁ဦး သေဆုံး

(ပြည်တွင်း)ဖေဖော်ဝါရီ ၁၅

ရန်ကုန်-မန္တလေးအမြန်လမ်း၊မိုင်တိုင်(၁၄၂/၁-၁၄၂/၂)ကြားတွင် ရှေ့ယာဥ်အား နောက်ယာဥ်မှ ဝင်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၄နေ့ နံနက်အစောပိုင်းက ရန်ကုန်မှ‌ နေပြည်တော်သို့ မောင်းနှင်လာသော ယာဉ်မောင်းပါကျား(၄)ဦး၊ မ (၉)ဦးပါ TOWNACE လိုက်ထရပ်အမျိုးအစား အဖြူရောင်ယာဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်း၊မိုင်တိုင်(၁၄၂/၁-၁၄၂/၂)ကြားအရောက်တွင် လက်ယာဘက်ယာဉ်ကြောအတိုင်းမောင်းနှင်နေစဉ်အရောက်၌ လားရာတူ နောက်မှ လိုက်ပါလာသည့်SUZUKI SOLIOအမျိုးအစားအဖြူ‌ရောင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ နောက်က ဝင်တိုက် မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် TOWNACEလိုက်ထရပ်ယာဉ်မှာ လမ်းယာဘက် မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ပြီး SUZUKI SOLIOယာဉ်မှာ လက်ဝဲဘက်ယာဥ်ကြောပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ကြောင်း၊TOWNACEယာဉ်ပါ ခရီးသည်တစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ကျန်ခရီးသည်များမှာ ဒဏ်ရာအသီးသီးရရှိခဲ့ပြီး တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN