အကြမ်းဖက်အဖွဲ့များ၏ ပစ်ခတ်မှု မိုင်းထောင်မှုကြောင့် ကချင်နှင့် ကရင်တို့မှ အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက် ဒဏ်ရာရ

(မှုခင်း)ဖေဖော်ဝါရီ ၉

ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ဒေသခံပြည်သူများကို ယင်းဒေသရှိ လက်နက်ကိုင်သောင်းကျန်းသူများဖြစ်ကြသည့် KIA KNU တို့နဲ့အတူ PDF အကြမ်းဖက်များမှ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်နေကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြို့မရပ်ကွက်အတွင်းသို့ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများမျ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက်  လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ရပ်ကွက်နေသူများဖြစ်ကြသည့် ဦးသူရိန်(၅၇)နှစ်နှင့် ဒေါ်သီတာ(၅၀)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား ဆေးကုသနိုင်ရေး ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ တံတားဦးကုန်းကျေးရွာနေ မဝါဝါဖော(၁၀)နှစ်သည် မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်ခန့်၌ ၎င်း၏နေအိမ်အနီးတွင် ဆော့ကစားနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ ထောင်ထားသည့် မိုင်း တစ်လုံးအား ထိမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

#PAN