(ပြည်တွင်း) ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်အတွင်းရှိ လွိုင်လင်၊ မိုင်းဖြတ်၊ နမ့်စန်၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းနှင့် ကွန်ဟိန်းမြို့နယ်အတွင်းမှ ဘိန်းစိုက်ခင်း ၂၈၈.၅ ဧက ကို ရဲတပ်ဖွဲ့ဝင်များမှ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၇ နာရီမှစတင်ပြီး ညနေ ၄ နာရီအထိ ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

လွိုင်လင်မြို့နယ်၊ ဆဟောင်းကျေးရွာအုပ်စု၊ နောင်ဟိုင်းကျေးရွာနှင့် ဝါးထေးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅၅ ဧကခန့်၊ မိုင်းဖြတ်မြို့နယ်၊ ဟွေရှိုကျေးရွာအုပ်စု၊ အားထေ့ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၁.၅ ဧကခန့်၊ နမ့်စန်မြို့နယ်၊ ဘန့်ဟင်ကျေးရွာအုပ်စု၊ တွန်ကျိုင်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆၆ ဧကခန့်၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ညိုမီးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၅ ဧကခန့်တို့ကို ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ ပင်လောင်းမြို့နယ်၊ ထီပေါင်း ကျေးရွာအုပ်စု၊ နားမွန်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၇ ဧကခန့်၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်ပတ် ကျေးရွာအုပ်စု၊ လွယ်ဆိုင်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၉၄ ဧကခန့်အားလည်း ထိရက်တစ်ရက်တည်းအတွင်းမှာပင် ဖျက်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
#PAN