မလေးကိုသွားမယ့် မြန်မာအလုပ်သမား ၁၃ ဦး‌ ကန်ချနဘူရီမှာ ဖမ်းဆီခံရ

(နိုင်ငံတကာ)ဖေဖော်ဝါရီ ၉

ထိုင်းနိုင်ငံကိုဖြတ်ကျော်ပြီး မလေးရှားနိုင်ငံကိုသွားရောက်မယ့် မြန်မာအလုပ်သမား ၁၃ ဦးကို ကန်ချဘူရီမြို့အနီးမှာ ထိုင်းဘက်က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ထိုင်း – မြန်မာနယ်စပ်ကနေ တရားမဝင်ဖြတ်သန်းဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းနိုင်ငံ ကန်ချဘူရီခရိုင် စံခလဘူရီမြို့နယ် နောင်ယာတ်ကျေးရွာအုပ်စုမှာဖမ်းဆီးလိုက်တာလို့ ထိုင်းဘက်ကလာတဲ့ သတင်းတွေမှာဖော်ပြပါတယ်။  

နယ်စပ်ကို တရားမဝင် ဖြတ်ကျော်လာတဲ့ မြန်မာအလုပ်သမား ၁၃ ဦးကို တင်ဆောင်လာတဲ့ ကားတစ်စီးကို  ဒေသအာဏာပိုင်အဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စစ်ဆေးမေးမြန်းချက်တွေအရ မြန်မာအလုပ်သမားတွေဟာ မလေးရှားကို သွားရောက်အလုပ်လုပ်ကိုင်မှာဖြစ်ပြီး မလေးရှားအရောက် တစ်ဦးကို ပွဲစားခအနေနဲ့ ဘတ် ၄၀၀၀၀ ထိ ပေးရတယ်လို့ ထွက်ဆိုထားတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။ ဖမ်းဆီးရမိထားသူတွေကို ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။

#PAN