ချေမှုန်းရေးရိုင်ဖက်တပ်ထားတဲ့ ခွေးစက်ရုပ်တစ်ကောင်ကို RCSS ထုတ်ပြခဲ့

(ပြည်တွင်း)ဖေဖော်ဝါရီ ၉

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS/SSA) ဌာနချုပ်ရှိရာ လွိင်တိုင်းလျန်းမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ (၇၉)ကြိမ်မြောက် “သျှမ်းအမျိုးသားနေ့” စစ်ရေးပြအခမ်းအနားမှာ ( RCSS/SSA) က ခွေးစက်ရုပ်တစ်ကောင်ကို ထုတ်ပြခဲ့တာတွေ့ရပါတယ်။

ရှမ်းသတင်းတွေရဲ့ ရုပ်သံတွေမှာတော့ ချေမှုန်းရေးရိုင်ဖယ်တပ်ထားတဲ့ ခွေးစက်ရုပ်ဟာ RCSS လက်နက်ကိုင်အဖွဲ့တွေနဲ့အတူ စစ်ရေးပြလမ်းလျှောက်လာတာတွေ့ရပါတယ်။

ဒီစက်ရုပ်ခွေးဟာ တရုတ်နိုင်ငံ Unitree Robotics ကထုတ်လုပ်တဲ့ Go2 Pro ဖြစ်နိုင်တယ်လို့ ယူဆရပြီး ခွေးစက်ရုပ်တစ်ကောင်ရဲ့ ဈေးနှုန်းဟာ အမျိုးအစားပေါ်မူတည်ပြီး အမေရိကန်ဒေါ်လာ ၂၈၀၀ ကနေ ဒေါ်လာ ၁၀၀၀၀၀ တန်အထိ ရှိနိုင်သလို ဒေါ်လာ ၁၆၀၀ တန် Go2 Air အမျိုးအစားလည်းရှိတယ်လို့ ကျွမ်းကျင်သူတစ်ချို့က ပြောပါတယ်။

RCSS ရဲ့ Go2 Pro လို့ယူဆရတဲ့ ခွေးစက်ရုပ်ဟာ အလူမီနီယမ်သတ္တုစပ်ကိုယ်ထည်ဖြစ်ပြီး အလေးချိန်- ၁၆ ကီလိုဂရမ် အလေးချိန်- ၁၆ ကီလိုဂရမ် အတိုင်းအတာက (အလျှား ၂၇.၆ x  အနံ ၁၂.၂ x အမြင့် ၁၅.၇ လက်မ) အမြင့်ဆုံးအမြန်နှုန်း- တစ်စက္ကန့်လျှင် ၃.၇ မီတာ (~၁၃ ကီလိုမီတာ/နာရီ သို့မဟုတ် ၈ မိုင်နှုန်း) ဖြုတ်တပ်နိုင်ပြီး  တစ်ကြိမ်အားသွင်းရင် ၁ နာရီမှ ၂ နာရီအထိ အသုံးပြုနိုင်တဲ့ ဘက်ထရီ (၈၀၀၀ mAh၊)ဖြစ်တယ်လို့ Google အချက်အလက်တွေအရ သိရပါတယ်။ လွိင်တိုင်းလျန်းမှာ ကျင်းပခဲ့တဲ့ (၇၉)ကြိမ်မြောက်  “သျှမ်းအမျိုးသားနေ့” ကို တိုင်းရင်းလက်နက်ကိုင်တွေဖြစ်တဲ့ SSP၊ SNDP၊ SSNDF၊ SNA၊ PNO၊ LDU၊ DKBAနှင့် CNF တို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

#PAN