(မှုခင်း) ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊မှန်တန်းရပ်ကွက်၊အေးဇရပ်တွင် ယနေ့မွန်းတည့်၁၂နာရီ၅၀မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
မီးလောင်သည့်နေရာသို့ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ၁နာရီ၁၅မိနစ်အချိန် တွင် မီးထိန်းနိူင်ခဲ့ပြီး မွန်းလွဲ၁နာရီခွဲ အချိန်တွင်မီးငြိမ်းသတ်နိူင်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၇လုံးမီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့် အိမ်ထောင်စု (၁၉)စု၊ကျား(၄၂)ဦး၊မ(၄၇)ဦး၊ စုစုပေါင်း(၈၉)ဦးတို့ဖြစ်ပြီး မီးဘေးသင့်အိမ်ထောင်စုများအား မှန်တန်းရပ်ကွက်၊အေးဇရပ်ရှိ ချမ်းအေးသာလာယံဓမ္မာရုံတွင်ထားရှိထားကြောင်းမီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းအား မီးသတ်ဦးစီးဌာနမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

