ရွေးကောက်ပွဲကြီးအောင်မြင်အောင် ဝိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက်ပေးခဲ့ကြတဲ့ အနုပညာရှင်တွေနဲ့ပြည်သူတွေကို ယာယီသမ္မတကျေးဇူးတင်

(​ပြည်တွင်း) ဖေဖော်ဝါရီ ၇

ရွေးကောက်ပွဲကြီးအောင်မြင်အောင် ဝိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက်ပေးခဲ့ကြတဲ့ အနုပညာရှင်များနဲ့ တိုင်းရင်းသားပြည်သူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောလိုတယ်လို့ နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန (MICC I) မှာ ဒီနေ့ညနေပိုင်းက ကျင်းပပြုလုပ် တဲ့ ” ၂၀၂၅ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနား” မိန့်ခွန်းမှာ နိုင်ငံတေယ်ယာယီသမ္မတက ပြောကြားလိုက်တာပါ။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်လို့ မကြာမီ အုပ်ချုပ်ရေးကဏ္ဍ ဥပဒေပြု​ရေးကဏ္ဍ တရားစီရင်ရေးကဏ္ဍတွေမှာ ​ဒီမိုကရေစီနဲ့လိုက်လျောညီထွေဖြစ်မယ့် အင်စတီကျူးရှင်းတွေ ပြန်လည် ပေါ်ပေါက်လာတော့မှာဖြစ်တယ်လို့ ပြောပါတယ်။

တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးတွေကို လာမယ့် မတ်လတတိယပတ်အတွင်းမှာ ခေါ်ယူမယ်ဆိုတဲ့သတင်းကို တင်ဆက်ပေးပါ့မယ်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ကာ အပိုင်းလိုက်ကျင်းပခဲ့တာဖြစ်ပြီး ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၂၆၃ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၃ နယ်နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီး လွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၅၅ နယ်နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်၊ တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်၊ စုစုပေါင်း မဲဆန္ဒနယ် ၆၈၈ နယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

#PAN