ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦးသေဆုံး

(မှုခင်း) ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၂၃ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းး သိရသည်။

ဖေဖော်ဝါရီလ ၄ရက်မွန်းလွဲ၃နာရီ၄၅မိနစ်အချိန်က မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာလက်ကားဈေးဝင်းနေ ပိုင်စေအောင်(၂၇)နှစ်သည် YGN-9 5H-xxxx LANDCRUISER မော်တော်ယာဉ်အား မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ လမ်းဖြတ်ကူးမောင်းနှင်သည့် လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာနေ ဦးသန်းကျော်(၅၁)နှစ် မောင်းနှင်ပြီး မောင်အောင်ထက်ကျော် (၁၅)နှစ် စီးနင်း လိုက်ပါလာသည့် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ဦးသန်းကျော်နှင့် မောင်အောင်ထက်ကျော် တို့တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း၊ အမြန်လမ်းမပေါ် ဆိုင်ကယ်ဖြတ်မောင်းသူ ဦးသန်းကျော်အား ဘောနတ်ကြီးအမြန်လမ်းမကြီး ရဲစခန်း ယာဉ်(ပ)၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။