(နိုင်ငံတကာ) ဖေဖော်ဝါရီ ၄
ကမ္ဘာတစ်ဝန်းလုံးရှိ ကင်ဆာရောဂါပေါင်း ၄၀ ရာခိုင်နှုန်းအထိ ကုသနိုင်ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိတ်ချ်အို)ကဖေဖော်ဝါရီ ၃ ရက်က ပြောကြားထားသည်။

ကမ္ဘာ့ကင်ဆာနေ့အကြို ဂျီနီဗာနှင့်
လိုင်ယွန်တို့မှ ထုတ်ပြန်သော ပူးတွဲသတင်းထုတ်ပြန်ချက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကောက်ချက်ချမှုသည်ကမ္ဘာ့ကျန်းမာရေးအဖွဲ့
နှင့် ၎င်း၏ နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီမှ ပြုလုပ်သော ကမ္ဘာလုံးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအသစ်အပေါ် အခြေခံထား
ခြင်းဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။
လေ့လာမှုတွင် ဆေးလိပ်နှင့် အရက်
သောက်သုံးမှု၊ ဘီအမ်အိုင်အညွှန်းကိန်းမြင့်မားမှု၊ ကိုယ်လက်လှုပ်ရှားမရှိမှု၊ လေထုညစ်ညမ်းမှု၊ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှ
နှင့် ပထမဆုံးအကြိမ်အဖြစ် ကင်ဆာဖြစ်ပွားစေသောရောဂါပိုး ကိုးခုအပါအဝင် ကင်ဆာရောဂါကို ကာကွယ်နိုင်သော အန္တရာယ်ဖြစ်စေ
နိုင်သည့် အချက် ၃၀ ကို လေ့လာစစ်ဆေးခဲ့ခြင်းဖြစ်သည်။
လေ့လာဆန်းစစ်မှုများက ၂၁၂၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကင်ဆာရောဂါအသစ် ၃၇ ရာခိုင်နှုန်း၊ ၇ ဒသမ ၁ သန်းခန့်သည် ကြိုတင်ကာကွယ်နိုင်သော အခြေအနေများ
နှင့်ဆက်စပ်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။
ထိုသို့တွေ့ရှိခဲ့သဖြင့် ကမ္ဘာတစ်ဝန်းလုံးတွင်ဖြစ်ပွားနေသော ကင်ဆာရောဂါ ဝန်ထုပ်ဝန်ပိုးကြီးကို လျှော့ချနိုင်တော့မည်ဖြစ်သည်။
#PAN